သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးတာဝန်လွဲပြောင်းယူဖို့ အီရတ်တပ်ဖွဲ့ အဆင့်သင့်ရှိ


အီရတ် လက်နက်ကိုင် တပ်တွေဟာ အဓိကကျတဲ့ မြို့ကြီးတွေရဲ့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူဖို့ အဆင်သင့် ရှိပါတယ် လို့ အမေရိကန် တပ်တွေရဲ့ ပူးတွဲ စစ်ဦးစီးချုပ်များ အလှည့်ကျ ဥက္ကဋ္ဌ က ပြောပါတယ်။ အဲဒီလို လွဲှပြောင်းယူမယ့် တာဝန်ကို အီရတ်တပ်တွေက ကိုင်တွယ်နိုင်လိမ့်မယ်လို့ အီရက်မှာ ရှိတဲ့ အမေရိကန် စစ်တပ် ခေါင်းဆောင်ပိုင်းက ယုံကြည်ကြောင်း ဥက္ကဋ္ဌရေတပ် ဗိုလ်ချုပ်ကြီး မိုက် မူလန်း က ဆိုပါတယ်။

ဒီလကုန်မှာ အီရတ် မြို့ကြီးတွေကနေ အမေရိကန် တပ်တွေ ဆုတ်ခါွဖို့ စီစဉ်ထားပါတယ်။ အီရတ်နိုင်ငံက သူ့ကိုယ်သူ ကာကွယ် နိုင်တယ် ဆိုတာကို ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်လို့ အီရက် ဝန်ကြီးချုပ် နူရီအယ် မာလကီး က ပြောပါတယ်။ တိုင်းပြည် တည်ငြိမ်ရေးအတွက် ဆွန်နီနဲ့ ရှီအာ မွတ်ဆလင် အုပ်စုတွေအကြား နိုင်ငံရေးအရ ရင်ကြားစေ့ဖို့ လိုအပ်ပါတယ်လို့ ပြောကြား ပြီး တမျိုးသားလုံး ညီညွှတ်ကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG