သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆန္ဒပြ


ဗြိတိသျှ အုပ်ချုပ်ခဲ့တဲ့ ဟောင်ကောင်ကို တရုတ်ပြည်မကြီးထံ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ ၁၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဟောင်ကောင်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ဖို့ ဟောင်ကောင်လူထု ဒီနေ့ ဆန္ဒပြပွဲ ဆင်နွှဲခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ ဗစ်တိုးရီးယားပန်းခြံကနေ ဟောင်ကောင်အစိုးရ ရုံးစိုက်ရာ နေရာကို လူထု ချီတက်ဆန္ဒပြခဲ့ရာမှာ ဒီမိုကရေစီရေးနဲ့ လူထုကို အာဏာလွှဲပြောင်းပေးဖို့ ကြွေးကြော်ခဲ့ကြပါတယ်။

စီးပွားရေး ကျဆင်းနေတာကို ကန့်ကွက်ပြီး အုပ်ချုပ်ရေးပိုင်းကို လူထုက စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်ကို တောင်းဆိုခဲ့ကြပါတယ်။ ဟောင်ကောင်ကို ၁၉၉၇ခုနှစ် ဂျူလိုင်လ ၁ရက်နေ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပေမဲ့ အနောက်နိုင်ငံတွေလိုပဲ သတင်းလွတ်လပ်ခွင့်၊ လူထု စည်းရုံးခွင့် အပါအဝင် လူမှုလွတ်လပ်ခွင့်တွေ အထိုက်အလျောက် ခံစားနေကြရဆဲဖြစ်ပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေး ခေါင်းဆောင်ပိုင်းကိုတော့ လူထုက ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG