အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သက္ကရာဇ် ၂၀၁၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာရဲ့ ယုံကြည်ကိုးစား လက်ခံမှု ရရှိဖို့ မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရမယ်လို့ တောင်းဆိုလိုက်ပါတယ်။ ဒီသီတင်းပတ်အတွင်း ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ ကျင်းပနေတဲ့ အာဆီယံ ညီလာခံအတွင်းမှာပဲ လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့လည်း အင်ဒိုနီးရှားက ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဖူးခက် အပန်းဖြေစခန်းမှာကျင်းပတဲ့ အာစီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနဲ့ မြန်မာ့အရေး ပြောဆိုချက်တွေကို မအေးသန္တာကျော်က တင်ပြထားပါတယ်။