သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်တုပ်ကွေးဗိုင်းရပ်၊ ဒုတိယလှိုှုင်းနဲ့ အသွင်ပြောင်းနိုင်ချေ


ဇူလှိုင် ၂၂၊ ၂၀၀၉။ ကမ္ဘာကပ်ရောဂါ တခုဖြစ်လာတဲ့ A အမျိုးအစား H1N1 ဝက်တုပ်ကွေး ဗိုင်းရပ်ပိုးဟာ အခု ပထမလှိုင်းအဆင့်ဖြစ်ပြီး ဒုတိယလှိုင်းအဆင့်မှာ ပိုပြီး ပြင်းထန်တဲ့ ရောဂါဗီဇ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

လတ်တလောအားဖြင့် တမီးဖလူ တုပ်ကွေးတိုက်ဖျက်ဆေးမတိုးတော့တဲ့ ဝက်တုပ်ကွေးရောဂါပိုးဗီဇ အချို့ကိုလည်း တွေ့လာရပါတယ်။ ဒါကြောင့် အခု အဆင့်ကနေ အသွင်ပြောင်းမှုဖြစ်ပြီး ဆေးမတိုးတော့ ရောဂါမျိုးဖြစ်လာမှာကိုလည်း လူထုကျန်းမာရေးလုပ်သားတွေက မပြတ်စောင့်ကြည့်နေပါတယ်။

ဝက်တုပ်ကွေးတိုက်ဖျက်ရေးမှာ ဖျားနာသူတွေကို စောင့်ကြည့်စစ်ဆေးရုံနဲ့မပြီးပဲ ရောဂါပိုးဗီဇကို နေ့စဉ်အချိန်နဲ့အမျှ စောင့်ကြည့်သွားကြဖို့လည်း လိုအပ်ပါတယ်။

အမေရိကန်ပြည်ထောင်စု Tenessee State လူထုကျန်းမာရေးဌာနက ဒေါက်တာမင်းမင်းစိုးနဲ့ အခု အပတ်အစီအစဉ်မှာ ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG