သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် ဝက်တုပ်ကွေး အခြေအနေဆိုး


ဗြိတိန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဝက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၀၀,၀၀၀ ရှိခဲ့ပြီး အဲဒီမတိုင်ခင် တပတ်ကထက် ၂ ဆနီးပါး ပိုများတယ်လို့ ဗြိတိန်က ပြောလိုက်ပါတယ်။

ဗိုင်းရပ်စ် ပိုးသတ်ဆေးတွေကို အရေးပေါ် လိုအပ်သူတွေ အနေနဲ့ ဆရာဝန်ရဲ့ ဆေးလက်မှတ်မပါဘဲ အထူးသတ်မှတ်ထားတဲ့ Hot Line ဖုန်းနံပါတ်ကို ဆက်ပြီး တောင်းနိုင်သလို အင်တာနက်ပေါ်ကနေလည်း မှာယူနိုင်မယ့် အစီအစဉ်သစ်ကို ဗြိတိန် တုပ်ကွေးတိုက်ဖျက်ရေးဌာနက စတင်လိုက်တာနဲ့အတူ အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ စတင်လိုက်တဲ့ အရေးပေါ် ဝက်တုပ်ကွေးဆိုင်ရာ ဝက်ဘ်ဆိုက်ဟာ စတင်အသက်ဝင်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဝင်ပြီးကြည့်သူတွေ များလွန်းတဲ့အတွက် ဂျမ်းဖြစ်သွားခဲ့ပါသေးတယ်။ ဗြိတိန်မှာ H1N1 အမျိုးအစား ဝက်တုပ်ကွေး ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၈၄၀ ဆေးရုံတက်ခဲ့ရပြီး သေဆုံးသူကလည်း ၃၀ ထက်မနည်း ရှိသွားပါပြီ။

ဝက်တုပ်ကွေး ကူးစက်သူတွေထဲမှာ အသက် ၁၄ နှစ်နဲ့အောက် ငယ်တဲ့ ကလေးတွေဟာ ရောဂါ အပြင်းအထန် အခံစားရဆုံးဖြစ်တယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG