သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ရှိ အမေရိကန်စစ်သားတွေ မြန်မြန် ရုပ်သိမ်းပေးဖွယ်ရှိ


အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် က အီရတ်မှာ တပ်စွဲထားတဲ့ အမေရိကန်တပ်တွေကို အခုထက် ပိုပြီး မြန်ဆန်တဲ့နှုန်းနဲ့ ဆုတ်ခွာကောင်း ဆုတ်ခွာရလိမ့်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ ၂ရက်ကြာ အီရတ် ခရီးစဉ်အပြီးမှာ ကာကွယ်ကြီး ဂိတ်စ်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။ အီရတ်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေတွေ တိုးတက်မှု ရှိလာပြီး ၂၀၁၁ခုနှစ်အကုန်မှာ အီရတ်က ရှိသမျှ အမေရိကန် တပ်တွေကို အပြီးသပ်ဆုတ်ခွာမှာ ဖြစ်တယ်လို့လည်း ဝန်ကြီး ဂိတ်စ်က ထပ်လောင်း ပြောကြား ခဲ့ပါတယ်။ အရင်လတုန်းက အီရတ်ရဲ့ အဓိက မြို့ပြနေရာတွေက အမေရိကန်တပ်တွေ ပြန်လည် ဆုတ်ခွာခဲ့ပြီး ဖြစ်ပါတယ်။ ကာကွယ်ရေး ဝန်ကြီး ဂိတ်စ်၊ အီရတ်က ပြန်လည် မထွက်ခွာမီ အီရတ်နိုင်ငံ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကာဒစ်စတန် ဒေသရဲ့ သမ္မတ မစွတ်ဗဇာနီ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ လူနည်းစု ကဒ် လူမျိုးနဲ့ လူများစု အာရပ် လူမျိုးတို့ကြား ပဋိပက္ခတွေ ဖြေရှင်း အဖြေရှာဖို့ ဆွေးနွေးခဲ့ပါသေးတယ်။ မနေ့တုန်းကတော့ ကာကွယ်ရေး ဝန်ကြီးဂိတ်စ်ဟာ အီရတ် ဝန်ကြီးချုပ် နူရီအယ်လ်မာကီ နဲ့ တွေ့ဆုံပြီး အီရတ်လုံခြုံရေးအတွက် အမေရိကန် တပ်တွေရဲ့ အနာဂတ်အခန်းကဏ္ဍနဲ့ အီရတ်ကို လက်နက်ရောင်းချရေး ကိစ္စ တွေကိုပါ ဆွေးနွေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG