မြန်မာနိုင်ငံမှာ မြင်မကောင်းအောင် ဟောင်းနွမ်းနေတဲ့ တဆယ်တန်ကနေ နှစ်ရာတန်အထိ ငွေစက္ကူတွေကို သြဂုတ်လ ၃ ရက်နေ့ ကစပြီး မြန်မာ့စီးပွားရေးဘဏ်ခွဲတိုင်းမှာ လဲလှယ်ပေးနေပါတယ်။ ဒါပေမဲ့ လဲပေးတဲ့ ပမာဏ ကန့်သတ်ချက်ကြောင့်ရော၊ အချိန်ကန့့် သတ်ချက်ကြောင့်ပါ ငွေလဲချင်သူ ပြည်သူတွေ ဒုက္ခရောက်နေကြတဲ့အကြောင်းကို မစုမြတ်မွန်, က တင်ပြပေးထားပါတယ်။