ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်လိုက်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ အထူးတလည် မကျေမနပ် ဖြစ်ရပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးပြီး မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဆွေးနွေးပွဲတွေမှာ အဓိက ပုဂ္ဂိုလ်တဦးအဖြစ် ချက်ချင်း တွေ့ဆုံဆွေးနွေးသင့်ကြောင်း မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်မပေးဘဲ ရွေးကောက်ပွဲတွေ ကျင်းပခဲ့မယ်ဆိုရင် မြန်မာစစ်အစိုးရရဲ့ ဒီ နိုင်ငံရေး လုပ်ငန်းစဉ်ဟာ သံသယဖြစ်ဖွယ်ပဲ ရှိလိမ့်မယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
နောက်ဆုံးရရှိတဲ့ သံတမန် သတင်းရပ်ကွက်ကလာတဲ့ သတင်းအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ညနေ ဆွေးနွေးဖို့ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြလိုက်ပါတယ်။