သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရွေးကောက်ပွဲဝင်ဖို့ ဆီနိတ်တာ ဂျင်မ် ဝက်ဘ် တိုက်တွန်း


မြန်မာစစ်အစိုးရက ကျင်းပမယ့် လာမယ့်နှစ်၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဝင်ရောက်ဆင်နွှဲဖို့ မြန်မာပြည်ကို မကြာခင်က ရောက်လာခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) က တိုက်တွန်းလိုက်ပါတယ်။

NLD ပါတီအနေနဲ့ ရေရှည် နိုင်ငံရေး မဟာဗျူဟာ တခုအဖြစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ စဉ်းစားသင့်တယ်လို့လည်း ဆိုပါတယ်။ မနေ့ကထုတ်တဲ့ NEW YORK TIMES သတင်းစာမှာ အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်က ဆောင်းပါးတစောင်ရေးပြီး သူ့အမြင်ကို ထုတ်ပြောလိုက်တာပါ။

NLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက အနိုင်ရထားခဲ့တဲ့ပါတီ ဖြစ်ပေမဲ့လည်း ရွေးကောက်ပွဲရလဒ်ကို အခုထိ ငြင်းပယ်ခံနေရတာပါ။ အမေရိကန် အစိုးရကလည်း မြန်မာပြည်က ရွေးကောက်ပွဲတွေကို အကူအညီပေးဖို့ ကမ်းလှမ်းသင့်တယ်လို့လည်း အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်က ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG