သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO လေကြောင်း တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်မှာ လူ ၉၀ ကျော် သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းမှာ သောကြာနေ့ မနက် အရုဏ်ဦးအချိန်မှာ ဓါတ်ဆီတင်ကားကြီးနှစ်စီးကို NATO အဖွဲ့က လေကြောင်းက ဗုံးကျဲတိုက်ခိုက်လို့ အကြီးအကျယ်ပေါက်ကွဲပြီး လူ ၉၀ အထိ သေဆုံးသွားတဲ့အထဲ အများစုဟာ အရပ်သားတွေ ဖြစ်ကြပါတယ်။ တာလီဘန်သူပုန်တွေ အတင်းအဓမ္မ ဖမ်းဆီးသွားတဲ့ အဲဒီဓါတ်ဆီတင်ကားနှစ်စီး ရှိတဲ့နေရာကို ဂျာမန်တပ်က အရုဏ်မတက်ခင် အမေရိကန် ဂျက်တိုက်လေယာဉ်တွေကို ဗုံးကျဲတိုက်ခိုက်ခိုင်းတဲ့အတွက် အဲဒီလို ဗုံးကျဲတာလို့ ဆိုပါတယ်။

တာလီဘန်သူပုန်တွေက အဲဒီ ဓါတ်ဆီတင်ကားနှစ်စီးကို အမည်မသိနေရာဆီ အတင်းမောင်းခိုင်းသွားပြီးနောက် နိုင်ငံ မြောက်ပိုင်း ကွန်ဒုဇ်ပြည်နယ် (Kunduz) မြစ်ကမ်းပါးမှာ သွားတွေ့ရတယ်လို့ အာဖဂန်နဲ့ NATO အဖွဲ့ တာဝန်ခံများက ပြောကြား ကြပါတယ်။

ပြည်နယ်တာဝန်ခံများက တာလီဘန်သူပုန် ၅၆ ယောက်နဲ့ အရပ်သား အများအပြား သေဆုံးကြောင်း ပြောကြားပြီး အရပ်သား တွေက ကားတွေမှာ ဓါတ်ဆီသွားယူကြတာလို့ ဒေသတာဝန်ခံတချို့က ပြောပါတယ်။

အရပ်သားများ သေဆုံးမှုသတင်းကို အပြည့်အ၀ စုံစမ်းသွားမယ်လို့ NATO အတွင်းရေးမှူးချုပ်က ဆိုပါတယ်။ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်း (Hamid Karzai) ကတော့ အရပ်သားတွေ သေဆုံးရတာကို လက်မခံနိုင်ဘူး၊ ဒီအကြောင်း အပြည့်အစုံကို အာဖဂန်အစိုးရက စုံစမ်းသွားမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG