ဒီနေ့ ညနေခင်းမှာပဲ အင်ဒိုနီးရှားနိုင်ငံ
ဆူမားတြားကျွန်း ပန်ဒေါင်းမြို့ အနီး ကမ်းလွန်တနေရာမှာ ပြင်းအား ၇.၉
ရှိတဲ့ မြေငလျင် လှုပ်ခတ်သွားခဲ့ပါတယ်။ အဲဒီ မြေငလျင်ဟာ မြို့တော်
ဂျကာတာနဲ့ ၁၈၅မိုင်လောက် အကွာ၊ သမုဒ္ဒရာ အောက်မိုင် ၅၀အနက်ကနေ ဗဟိုပြုပြီး
လှုပ်ခတ်ခဲ့တာပါ။ ဒီငလျင်ကြောင့် အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယနဲ့
ထိုင်းနိုင်ငံတို့မှာ ဆူနာမီ သတိပေးချက်ကို ပစိဖိတ် ဆူနာမီ
သတိပေးချက်ဌာနကနေ သတိပေး ထုတ်ပြန်ခဲ့ပေမဲ့လည်း အခုချိန်အထိ ဆူနာမိ ပင်လယ်
လှိုင်းလုံးကြီးတွေကို မြင်နေရတာမျိုးတော့ မကြားရသေးပါဘူး။
သေဆုံးသူ ဦးရေဟာ၇၅ဦးထက် မနည်း ရှိသွားပြီးလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ကြေညာပါတယ်။ လူထောင်နဲ့ချီပြီး အပျက်အစီးတွေ ကြားမှာ ပိတ်မိနေတယ်လို့ ဆိုပါတယ်။ ဒီငလျင်ကို မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလန်ပူနဲ့ စင်္ကာပူနိုင်ငံတွေအထိ ဂယက်ရိုက်သွားတာကြောင့် အဲဒီနိုင်ငံတွေမှာ ရုံးဝန်ထမ်းတချို့ကို အဆောက်အဦတွေကနေ ဘေးလွတ်ရာကို ဖယ်ရှားခဲ့ရပါတယ်။