သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား နိုဘယ်လ်ငြိမ်းချမ်းရေးဆုရ


၂၀၀၉ ခုနှစ်ရဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတ ဘားရက် အိုဘားမား ရရှိခဲ့ပါတယ်။ အော်စလိုအခြေစိုက် နော်ဝေနိုင်ငံနိုဘယ်လ်ကော်မတီကနေ သမ္မတ အိုဘားမားကို "လူထုအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ခိုင်မြဲတဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေးတွေမှာ သူ့ရဲ့ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်မှုတွေအတွက်" အခုလို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားအနေနဲ့လည်း သူ ဒီဆုကို လက်ခံရရှိတဲ့အတွက် ဂုဏ်ယူမိတဲ့အကြောင်း အိမ်ဖြူတော်အရာရှိတွေက ပြောဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာကြီးအတွက် သာယာတဲ့အနာဂတ်ကို ပေးနိုင်မယ့် မျှော်လင့်ချက်တွေ၊ နျူကလီးယား ကင်းမဲ့တဲ့ ကမ္ဘာကြီးဖြစ်လာဖို့အတွက် ပေးအပ်ခဲ့တာ ဖြစ်တယ်လို့လည်း ကော်မတီက ပြောဆိုခဲ့ပါတယ်။

"သမ္မတအိုဘားမား ဦးဆောင်မှုအောက်မှာ အခက်ခဲဆုံး နိုင်ငံတကာ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာတောင် အပြန်အလှန် စေ့စပ်ဆွေးနွေးရေး လမ်းစဉ်ကိုသာ ကျင့်သုံးခဲ့တယ်လို့လည်း ဒီဆုကို ကြေညာစဉ်မှာ နိုဘယ်လ်ကော်မတီက ပြောဆိုခဲ့ပါသေးတယ်။

အမေရိကန်သမ္မတဟာ ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သလို - သူ့ရဲ့ ပြည်သူတွေကိုလည်း ကောင်းမွန်တဲ့ အနာဂတ်တခု အတွက် မျှော်လင့်ချက်တွေ ပေးအပ်ခဲ့တယ်လို့လည်း ကော်မတီက ထပ်ဖြည့်ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးမှာ ကြီးမားတဲ့ ရာသီဥတု အပြောင်းအလဲတွေနဲ့ ယနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရတာကို ဖြေရှင်းရေးမှာလည်း အမေရိကန်ပြည်ထောင်စုဟာ ပိုပြီးအရေးပါတဲ့ အခန်းကဏ္ဍကနေ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလို သမ္မတ အိုဘားမားရဲ့ စွမ်းဆောင်မှုတွေအတွက် ကျေးဇူးတင်ပါတယ်လို့လည်း နိုဘယ်လ်ကော်မတီက ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG