သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ကမံမီတွေလဲနှလုံးရောဂါဖြစ်


လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်က သေဆုံးခဲ့သူတွေကိုဆေးစိမ်ထားတဲ့ အီဂျစ်ကမံမီရုပ်အလောင်းတွေကို အမေရိကန်သိပ္ပံပညာရှင်တွေ စုံစမ်းလေ့လာရာ ကနေ သူတို့ရဲ့သွေးကြောတွေထဲမှာ အခုခေတ်ပေါ်ရောဂါအဖြစ်သတ်မှတ်ထားကြတဲ့ နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ပွါးခဲ့တဲ့ လက္ခဏာတွေ တွေ့ခဲ့ရပါတယ်။

ဒီတွေ့ရှိချက်ကနေ အစားအသောက်အနေအထိုင်ဆင်ခြင်ပါလျှက်နဲ့ နှလုံးရောဂါဖြစ်ပွါးတာမို့ စိတ်ဓါတ်ကျဆင်းနေတဲ့ လူနာတွေကိုမျိုးရိုးဗီဇကြောင့်လဲ ဖြစ်ပွါးနိုင်ကြောင်းရှင်းလင်းနိုင်ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG