သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ကူးတို့သင်္ဘော တိမ်းမှောက် ၂၅ ဦး သေဆုံး


အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား (Sumatra) ကျွန်းနားမှာ ကူးတို့သင်္ဘောတစင်း နစ်မြုပ်သွားလို့ ၂၅ ယောက်ထက် မနည်း သေဆုံးပြီး ၂၄၀ ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အသက်ရှင်နိုင်တဲ့ ခရီးသည်တွေ ကယ်ဆယ်ရေးကို တနင်္လာနေ့ နေအလင်းမရခင်အထိ နားထားလိုက်ပါပြီ။ သင်္ဘောပေါ်မှာ ခရီးသည် အရေအတွက် ဘယ်လောက် အတိအကျ ပါသွားလဲဆိုတာ မသဲကွဲသေးပါဘူး။ တချို့သတင်းတွေထဲမှာ သင်္ဘောတင်ဆောင်နိုင်တဲ့ ခရီးသည် ၂၇၃ ယောက်ထက် ခရီးသည်တွေကို ပိုပြီးတင်ထားတယ်လို့ ပြောပါတယ်။

သင်္ဘောပါ ခရီးသည်စာရင်းမှာ ၂၁၃ ယောက်လို့ ဖော်ပြတယ်လို့ ရေလမ်းခရီးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ တကယ့် ခရီးသည် အရေအတွက်နဲ့ ခရီးသည်စာရင်း ကွာဟနေမှုက ထင်ထင်ရှားရှား ဥပမာပေးစရာ ဥပဒေချိုးဖောက်မှု ဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ဒူမိုင် (Dumi) Express 10 အမည်ရှိ ကူးတို့သင်္ဘောဟာ ဘာတမ် (Batam) ကျွန်းကနေ ရိုင်အူ (Riau) ပြည်နယ်ဆီ အသွား တနင်္ဂနွေနေ့ မနက်က လှိုင်းကြမ်းထဲမှာ နစ်မြုပ်သွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကျွန်းစုပေါင်း မြောက်မြားစွာနဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တနေရာကနေ တနေရာ သွားလာနိုင်ရေးအတွက် ကူးတို့သင်္ဘောတွေကို အားထားနေရပါတယ်။ ရာသီဥတု ဆိုးတာကြောင့်ရော၊ ဝန်မမျှအောင် တင်ကြတဲ့ သင်္ဘောတွေရဲ့ ဆောက်လုပ်မှုပိုင်းမှာ အားနည်းတာကြောင့်ပါ သင်္ဘောနစ်မှုတွေ မကြာခဏ ဖြစ်တတ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG