မိုဘိုင်းဖုန်း (mobile-phone) ဒါမှမဟုတ် ဆဲလ်ဖုန်း (cell-phone) လို့ ခေါ်တဲ့ လက်ကိုင်ဖုံးတွေကို နိုင်ငံတော်တော် များများမှာ လူတိုင်းနီးပါး သုံးစွဲနိုင်ကြပေမဲ့ မြန်မာနိုင်ငံမှာကတော့ သိန်းနဲ့ချီတဲ့ ငွေကြေး ပေးမှ သုံးစွဲ နိုင်လို့ လက်ကိုင်ဖုန်းဆိုတာက သူဌေးသုံးပစ္စည်းတမျိုး အဆင့်မှာပဲရှိနေတုံး ပါ။ အခုလို တန်ဘိုးကြီးပေးပြီး သုံးစွဲနေကြရ ပေမယ့်လည်း တယ်လီဖုန်းလိုင်းတွေက တော့ တနေ့ထက်တနေ့ ကြည်လင်မှုမရှိပဲ ဆိုးဝါးလာ နေတယ်လို့ လက်ကိုင်ဖုံး သုံးစွဲ သူတွေက ညည်းညူနေကြတဲ့အကြောင်း မနန္ဒာချမ်း, က တင်ပြထားပါတယ်။