သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား နိုဘဲလ်ဆု လက်ခံ


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ကမ္ဘာ့စင်မြင့်မှာ စပြီး တာဝန်ထမ်းဆောင်တဲ့ ကာလမှာပဲ ရှိနေပါသေးတယ်လို့ နော်ဝေးနိုင်ငံ အော်စလိုမြို့တော်မှာ ၂၀၀၉ ခုနှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို လက်ခံရယူရင်းနဲ့ ပြောကြားသွားခဲ့ပါတယ်။

မာတင် လူသာ ကင်း ဂျူနီယာ (Martin Luther King, Jr.) လို နယ်လ်ဆင် မင်ဒဲလား (Nelson Mandela) တို့လို အရင်က နိုဘဲလ် ငြိမ်းချမ်းရေး ရခဲ့သူတွေနဲ့ နှိုင်းယှဉ်ရင်တော့ သူ့ရဲ့ စွမ်းဆောင်နိုင်မှုဟာ မပြောပလောက်ပါဘူးလို့ သမ္မတ အိုဘားမားက ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောသွားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံကို တပ်သား ၃၀,၀၀၀ ထပ်ပြီး စေလွှတ်တဲ့ အချိန်မှာပဲ နိုဘဲလ် ငြိမ်းချမ်းရေးဆုကို လက်ခံယူနေရတာ သိပ်ပြီး အံမကျလှဘူးလို့ သမ္မတ အိုဘားမားက အသိအမှတ်ပြု ပြောသွားပါတယ်။

တာလီဘန်နဲ့ အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့တွေကို စစ်တိုက်ရတာ အမေရိကန်ရဲ့ အလိုဆန္ဒကြောင့် မဟုတ်ပါဘူး၊ ၂၀၀၁ ခုနှစ် စက်တင်ဘာမှာ ဖြစ်ခဲ့တဲ့ အမေရိကန်ကို တိုက်ခိုက်မှုကို တုံ့ပြန်တာဖြစ်ကြောင်း ရည်ညွှန်းပြောဆိုသွားပါတယ်။ ဒါပေမဲ့ စစ်ပွဲတွေက ကျွန်ုပ်တို့ရဲ့ လူ့သက်တမ်းအတွင်းမှာ ပျောက်ကွယ်သွားမယ့် အရာတွေ မဟုတ်ဘူးလို့လည်း သူက ပြောသွားခဲ့ပါတယ်။

မာတင် လူသာ ကင်း ဂျူနီယာ ၁၉၆၄ ခုနှစ်မှာ နိုဘဲလ် ငြိမ်းချမ်းရေးဆု လက်ခံယူတုန်းက ပြောသွားခဲ့တဲ့ မိန့်ခွန်းကို ကိုးကားပြီး အကြမ်းဖက်မှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို အရမယူနိုင်ပါဘူးလို့ သမ္မတက ပြောပြီး ကမ္ဘာကြီးကို လက်ရှိ အနေအထားအတိုင်း သူ ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG