သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပမှာ ဆီးနှင်းထူထပ်


ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကနေ ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကို အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ရေအောက်က ပြေးဆွဲတဲ့ Eurostar ရထားဟာ ဒီကနေ့ပဲ ခရီးစဉ်တွေ ပြန်စနေပါပြီ။

ဥရောပတလွှား ဆီးနှင်းတွေ ပြင်းပြင်းထန်ထန် ကျနေပြီး ရေခဲမှတ်အောက် ရောက်နေတဲ့ အပူချိန်နဲ့ လူပေါင်း ၈၀ မက သေဆုံးခဲ့ရတဲ့ ရာသီဥတုကြောင့် Eurostar ရထား မပြေးဆွဲနိုင်ဘဲ ၃ ရက် ပိတ်ထားရတာ ဖြစ်ပါတယ်။

ခရီးသည်ပေါင်း ၂၅၀၀ ဟာ ရေအောက်က Channel Tunnel ထဲမှာ လျှပ်စစ်မီးမရဘဲ ၁၂ နာရီကျော်အောင် ပိတ်မိနေတာကြောင့် နောက်ထပ် ရထားခရီးစဉ်တွေလည်း မပြေးဆွဲနိုင်ပါဘူး။

ပိုလန်နိုင်ငံမှာတော့ အိမ်ရာမဲ့ အများစု အပါအဝင် လူပေါင်း ၄၂ ဦး သေဆုံးခဲ့ရပါတယ်။ အနှုတ် ၂၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်ထိအောင် အေးခဲ့ဲတဲ့ လွန်ခဲ့တဲ့ ၃ ရက်အတွင်း လူတွေ ခဲပြီး သေဆုံးကြရတာ ဖြစ်ပါတယ်။

ယူကရိန်းမှာ လူ ၂၇ ဦး သေဆုံးပြီး ရိုမေးနီးယားမှာတော့ သေဆုံးသူ ၁၀ ဦး ကျော်ပါတယ်။

အီတလီမှာ နှင်းတွေ အထူကြီးကျလို့ မီလန်မြို့တော်မှာ လေဆိပ်တခု ပိတ်ခဲ့ရပြီး ခရီးသည်တွေ လေဆိပ်မှာ သောင်တင်နေပါတယ်။ ဂျီနိုအာနဲ့ ဗရွန်နာမြို့တွေက လေဆိပ်တွေလည်း ပိတ်ထားဆဲဖြစ်သလို ဥရောပတလွှား ရထားတွေလည်း နှင်းကြောင့် မပြေးဆွဲနိုင် ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG