သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်အားပေး ၁၄ နိုင်ငံ ခရီးသည်၊ အမေရိကန် လေဆိပ်  တိုးမြှင့်စစ်ဆေးမည်


အမေရိကန် ပြည်ထောင်စုကို လေယာဉ်နဲ့ လာကြမယ့် သူတွေထဲက အကြမ်းဖက်မှု လုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြေများတဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံက လာမယ့် ခရီးသည်တွေကို လုံခြုံရေးအရ စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်ဖို့ အမေရိကန် အစိုးရက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ခရစ္စမတ်နေ့က အမေရိကန် လေကြောင်းလိုင်းက လေယာဉ်ကြီးတစီးကို တိုက်ခိုက်ဖို့ ကြံစည်မှု ပျက်ပြားခဲ့ပြီးနောက် အခုလို လုံခြုံရေးဆိုင်ရာ တိုးမြှင့် စစ်ဆေးမှုတွေကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အကြမ်းဖက်လုပ်ငန်းတွေကို အစိုးရတွေ ကိုယ်တိုင်က အားပေးအားမြှောက်လုပ်နေတဲ့ နိုင်ငံတွေနဲ့ အဲဒီလိုလုပ်တယ်လို့ သံသယရှိတဲ့ နိုင်ငံတွေကလာတဲ့ ခရီးသည်တွေ၊ ဒါမှမဟုတ် အဲဒီနိုင်ငံတွေက တဆင့် ဖြတ်ပြီး အမေရိကန် ပြည်ထောင်စုကို ပျံသန်းလာတဲ့ သူတွေကို စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရတွေကိုယ်တိုင်က အကြမ်းဖက် လုပ်ငန်းတွေကို အားပေးအားမြှောက် လုပ်နေတယ်လို့ အမေရိကန် ပြည်ထောင်စုက သတ်မှတ်ထားတဲ့ နိုင်ငံ ၄ နိုင်ငံက ကျူးဘား၊ အီရန်၊ ဆူဒန်နဲ့ ဆီးရီးယားနိုင်ငံတို့ ဖြစ်ကြပါတယ်။ အာဖဂန်နစ္စတန်၊ အယ်လ်ဂျီးရီးယား၊ အီရတ်၊ လက်ဘနွန်၊ လစ်ဗျား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ ဆိုမားလီးယားနဲ့ ယီမင်နိုင်ငံတို့က လာကြတဲ့ ခရီးသည်တွေ အနေနဲ့လည်း လုံခြုံရေးအရ တိုးမြှင့် စစ်ဆေးမှုတွေကို ခံကြရမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG