သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်မှာ ဝက်တုပ်ကွေး လေးယောက်ထပ်တွေ့


မြန်မာနိုင်ငံမှာ A H1N1 ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄ ယောက်ရှိတယ်လို့ ကျန်းမာရေးတာဝန်ခံများကအတည်ပြုကြောင်း မြန်မာ့အလင်း သတင်းစာက ရေးသားပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း ကျေးရွာတရွာမှာ မသင်္ကာဖွယ် ဖျားနာသူ တချို့ကိုတွေ့လို့ ကျန်းမာရေးဌာန တာဝန် ရှိသူများ သွားရောက်ပြီး အသေးစိတ် စစ်ဆေးပြီး လူနာတွေရဲ့ ဓါတ်ခွဲခန်း နမူနာများကိုလည်း စစ်ကြည့်တဲ့အခါမှာ (New Influenza) A H1N1 ရောဂါ ဖြစ်ပွားနေကြောင်း တွေ့ရှိရတယ်လို့ မြန်မာ့အလင်း သတင်းစာက ရေးပါတယ်။ အဲဒီ ရောဂါ ကတော့ တကမ္ဘာလုံးမှာခေါ်နေတဲ့ ဝက်တုပ်ကွေး ရောဂါ ဖြစ်ပါတယ်။

ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားသူ လေးယောက်ကို သီးခြား ခွဲခြားထားပြီး ဆေးကုသပေးနေတယ်လို့လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့ ဧပြီလက မြန်မာပြည်မှာ ဝက်တုပ်ကွေးရောဂါ စတွေ့ကတည်းက ရောဂါဖြစ်ပွားသူ ၆၉ ယောက် ရှိခဲ့ပြီး သေဆုံးသူတော့ တယောက်မှ မရှိသေးဘူးလို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ ၂၀၀၉ ခုနှစ် ဝက်တုပ်ကွေးရောဂါပိုး စတွေ့ချိန်ကစပြီး ၂၀၁၀ ခု ဇန်နဝါရီလကုန်အထိ ၂၀၉ နိုင်ငံမှာ ဝက်တုပ်ကွေးရောဂါ နဲ့ သေဆုံးသူ ၁, ၅၁၇၃ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG