သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်ရုံအလုပ်သမားတွေ ရန်ကုန်မှာ ထပ်မံ ဆန္ဒပြ


အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ စက်ရုံအလုပ်ရုံက အလုပ်သမား လုပ်အားခနည်းလို့ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်နေရာမှာ ဒီကနေ့မှာလည်း မင်္ဂလာဒုံ ဖာမိုတို စက်ရုံမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မနေ့တုန်းကလည်း ရွေပြည်သာမြို့နယ် စက်မူဇုံ (၃) က ယူအိုင်ပီနဲ့ အာရှသမာဓိ အထည်ချုပ် စက်ရုံတွေမှာ လုပ်အားခနည်းပါးမူကြောင့် ဆန္ဒပြမူတွေ ဆက်ဖြစ်နေပါတယ်။ ဒီအလုပ်သမားတွေရဲ့ တောင်းဆိုမူတွေ မရသေးတာကြောင့် အခုထိ ညှိနှိုင်းနေတုန်းပဲလို့လည်း သိရပါတယ်။ ဂရမ်းရွိုင်ရယ် ဝီစကီ စက်ရုံက အလုပ်သမားတွေကတော့ သူတို့ရဲ့ တောင်းဆိုချက် တချို့ ရသွားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အသေးစိတ်ကို မအေးအေးမာ က တင်ပြထားပါတယ်။

ဒီကနေ့ဖြစ်ခဲ့တာကတော့ မင်္ဂလာဒုံက ဖာမိုတို စက်ရုံမှာ ဖြစ်ခဲ့တာပါ။ အလုပ်သမားတွေနဲ့နီးစပ်သူ တဦး ပြောြပတာက -

"ဒီကနေ့ ၁၂ နာရီလောက်မှာ စဖြစ်တာလေ။ မင်္ဂလာဒုံမှာ။ ဖာမိုတို ဆိုတဲ့စက်ရုံမှာ ဆက်ဖြစ်နေတာ။ လူဦးရေ ၆၀၀ ကျော်လောက် ရှိတယ်။"

မနေ့က သူတို့မိသားစုဝင်တွေ အလုပ်လုပ်တဲ့ ရွေပြည်သာစက်မူဇုံ (၃) က ယူအိုင်ပီနဲ့ အာရှသမာဓိ စက်ရုံတွေမှာ ဖြစ်ခဲ့တာလို့ဆိုပါတယ် ရွေပြည်သာ စက်မူဇုံ (၃) က စက်ရုံတွေရဲ့ အခြေအနေကို ပြောပြခဲ့ရာမှာတော့ -

"ယူအိုင်ပီ စက်ရုံနဲ့ အာရှသမာဓိစက်ရုံပေါ့။ အဓိက ကတော့ အိုတီကြေးနဲ့ ရှားပါးစရိတ်တွေ တောင်းဆိုပါတယ်။ အဓိက လစာ မလုံလောက်မှုပေါ့။ နှစ်ခုစလုံးက အထည်ချုပ်ပါ။ အခုထိ သူတို့ ညှိဆဲပဲ။ မပြီးသေးဘူး။ လစာက ၃၀,၀၀၀ ကျော်ကျော်မှာ ရှိပါတယ်။ ၃၀,၀၀၀ လောက်ပဲဆိုတော့ တနေ့မှ ၁,၀၀၀ ကျော်လေးပဲ ရတာလေ။ စားစရိတ် သွားစရိတ် ရှိသေးတယ်။ ဘယ်လိုလုပ် လုံလောက်မှာလဲ။ မိသားစုတစုအတွက်ဆိုရင်။ အိုတီကြေးနဲ့ ရှားပါးစရိတ်ကို သူတို့ ၁၀,၀၀၀ ကျော်ကျော် ပေးဖို့ သူတို့ ထပ် တောင်းဆိုတာပေါ့နော်။ လူဦးရေက စက်ရုံတရုံကို ၁,၀၀၀ ကျော်လောက် ရှိတယ်။ အထဲထဲမှာ တဝက်၊ အပြင်မှာတဝက်ပေါ့ အလုပ်မလုပ်ကြတော့ဘူး။"

"အဖွဲ့အစည်းအသီးသီးကတော့ လာကြပါတယ်။ သူတို့က ညှိနှိုင်းပေးတယ်ပေါ့။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ သူတို့က ညှိနှိုင်းပေးတယ်။ ခုချိန်ထိတော့ ညှိနှိုင်းတာ အဆင်မပြေကြသေးဘူး။"

တနေ့က ဆန္ဒပြခဲ့တဲ့ ရွှေပြည်သာ စက်မူဇုံ (၃) က ဂရမ်းရွိုင်ရယ် ဝီစကီ စက်ရုံကတော့ ညှိနှိုင်းမှုတချို့ ရသွားတဲ့အကြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသူ တဦးက အခုလို ပြောပြပါတယ်။

"တကယ့်တကယ် ဝန်ထမ်းတွေ တောင်းဆိုတဲ့အခါမှာ တလကို ၂၀,၀၀၀ တိုးပေးဖို့ တောင်းဆိုတယ်။ ၂၀,၀၀၀ ပေးဖို့ တောင်းဆိုတော့ လူကြီးတွေကနေပြီးတော့ ပြန်ပြီး သူတို့ စဉ်းစားတယ်။ စဉ်းစားတဲ့အခါကျတော့ နာရီဝက်လောက် စောင့်ပြီးမှ ပြန်ထွက်လာပြီးမှ အလုပ်သမားခေါင်းဆောင် ၁၅ ဦးနဲ့ သူတို့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ဘွန်းနက်စ် ကို ၁၀,၀၀၀ တိုးပေးတယ်။ လစာကို တနေ့ ၁,၁၀၀ သမားတွေကို ၁,၃၀၀ ပေးပြီးတော့ ၁,၃၀၀ သမားတွေကို ၁,၄၀၀ ဆိုပြီး ၂၀၀ နဲ့ ၁၀၀ တိုးပေးလိုက်တယ်။ ပြီးတော့ သင်္ကြန်ရက်အတွင်းမှာ ၁၅ ရက်ပိတ်တယ်။ အဲဒီပိတ်တဲ့အထဲမှာ လစာမပေးဘဲနဲ့ ဝန်ထမ်းတွေအားလုံးကို ၁၀,၀၀၀ စီ မုန့်ဖိုးပေးလိုက်တယ်တဲ့။"

အခုဆိုရင် ပြီးခဲ့တဲ့လ ၉ ရက်လောက်က စခဲ့တဲ့ မြန်မာပြည်တွင်းက လုပ်ခနည်းပါတဲ့ စက်ရုံတွေက ဆန္ဒပြမူတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့တာ ဒီကနေ့ထိ မပြီးသေးဘူးလို့ ပြောလို့ရပါတယ်။ အလုပ်သမားတွေအနေနဲ့ ဒီကနေ့ဖြစ်နေတဲ့ ကုန်ဈေးနှုန်းနဲ့ မလောက်ငတာေကြာင့် လုပ်အားခတွေ တိုးပေးဖို့ ဆန္ဒပြ နေကြတာဖြစ်ပြီး အခု ညှိနှိုင်းလို့ရသွားတဲ့ စက်ရုံတွေအနေနဲ့ ကလည်း အလုပ်သမားတွေဘက်က ကျေနပ်သွားခြင်းမျိုးတွေ သိပ်မရှိဘဲ တောင်းဆိုမူတချို ရသွားတာေြ0ကာင့် ကျေနပ်လိုက်ရတာမျိုးသာ ဖြစ်ကြောင်း အလုပ်သမားတွေက ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG