<!-- IMAGE -->
နှစ်ပေါင်း ၂၀၀နီးပါး ငြိမ်သက်နေခဲ့တဲ့ အိုက်စလန်နိုင်ငံက Eyiafiallaiokull အဲဗာ ဗေလုခ် မီးတောင်ဟာ April လလယ်မှာ ရုတ်တရက်ပေါက်ကွဲခဲ့ပြီး ဥရောပမြောက်ပိုင်းကောင်းကင်တပြင်လုံးကို မီးတောင်ပြာတွေ မီးခိုးလုံးတွေနဲ့ဖုံးလွှမ်းစေခဲ့ပါတယ်။ ဒီမီးတောင်ပေါက်ကွဲရတဲ့ အနေအထား၊ ဒီမီးတောင်ကနေထွက်လာတဲ့ ပြာတွေနဲ့ မီးခိုးလုံးကြီးတွေကို လေယာဉ်ပျံတွေ ဘာ့ကြောင့် ကြောက်ကြတယ်၊ လူနဲ့ ပတ်ဝန်းကျင်အတွက်အန္တရာယ် ဘယ်လောက်ရှိတယ် ဆိုတာတွေကို တင်ပြထားပါတယ်။