သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား IS ခေါင်းဆောင်တဦး ကန်လေကြောင်းက သုတ်သင်


ISIS အလံ
ISIS အလံ

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းက အစ္စလာမ်နိုင်ငံတော် တည်ထောင်ရေးအိုင်အက်စ် ခေါင်းဆောင်တယောက် ကို အမေရိကန် လေတပ်က သုတ်သင်လိုက်တယ်လို့ အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

သောကြာနေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် အူစမာ အယ် မူဟာဂျာ Usamah al-Muhajir သေဆုံးသွားခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့တာပါ။ ဒေသတလွှားမှာ အိုင်အက်စ်အိုင်အက်စ် အကြမ်းဖက်အဖွဲ့တွေ ရှုံးသွားဖို့ ဆက်လက် လုပ်ဆောင်မှာဖြစ်ကြောင်း အလယ်ပိုင်း စစ်ဌာနချုပ် ရဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး Michael “Erik” Kurilla က ပြောပါတယ်။

အိုင်အက်စ်တွေ ရှုံးနိမ့်သွားစေမယ့် စစ်ဆင်ရေးတွေ ကို အီရတ် နဲ့ ဆီရီးယား မှာ ရှိကြတဲ့ မိတ်ဘက် တပ်ဖွဲ့တွေ နဲ့ ဆက်လက် ဆင်နွှဲမှာ ဖြစ်တယ်လို့ အလယ်ပိုင်း စစ်ဌာနချုပ် ရဲ့ သတင်းထုတ်ပြန်ချက် မှာ ဆိုထားပါတယ်။

ဆီးရီးယား IS ခေါင်းဆောင်တဦး ကန်လေကြောင်းက သုတ်သင်
please wait

No media source currently available

0:00 0:00:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG