(Zawgyi / Unicode)
အိႏၵိယႏုိင္ငံသား ၂ ဦးကို ရခုိင္လက္နက္ကိုင္တပ္ AA က ဖမ္းဆီးသြားတယ္ဆိုၿပီး အိႏၵိယႏုိင္ငံ နယူးေဒလီအေျခစိုက္ Asian News International – ANI က ႏုိ၀င္ဘာလ ၃ ရက္ေန႔သတင္းမွာ ေဖာ္ျပထားပါတယ္။
ဒီ အဖမ္းခံရတယ္ဆိုတဲ့ အိႏၵိယႏုိင္ငံသား ၂ ဦးက လမ္းစီမံကိန္းအတြက္ ခရီးသြားရင္း အဖမ္းခံရတာလို႔ သတင္းက ေဖာ္ျပပါတယ္။
ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ကေန ရခုိင္ျပည္နယ္ စစ္ေတြကိုအသြား လမ္းမွာ AA ရခုိင္လက္နက္ကိုင္အဖြဲ႔က ဖမ္းသြားတာလို႔ သတင္းရင္းျမစ္ေတြရဲ႕ အေျပာကို ကိုးကားၿပီး ANI က ေျပာဆိုပါတယ္။
အဖမ္းခံရတဲ့ အိႏၵိယႏုိင္ငံသားေတြက အိႏၵိယႏုိင္ငံ မီဇိုရမ္ကေန ရခုိင္ျပည္နယ္ စစ္ေတြဆိပ္ကမ္းကို ခ်ိတ္ဆက္မယ့္ လမ္းစီမံကိန္းအတြက္ အလုပ္လုပ္ေနသူေတြ ျဖစ္တယ္လို႔ ANI သတင္းက ေဖာ္ျပပါတယ္။
အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ရဲ႕ ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ၀ွ႔တင္း အပါအ၀င္ အိႏၵိယႏိုင္ငံသားအခ်ိဳ႕၊ စကားျပန္အခ်ိဳ႕နဲ႔ စက္ေလွေမာင္းသူ စုစုေပါင္း ၉ ဦးဟာ ပလက္၀ကေန ေက်ာက္ေတာ္ကို တနဂၤေႏြေန႔ မနက္ပိုင္း ထြက္လာရာမွာ ခ်င္းနဲ႔ ရခိုင္နယ္စပ္မွာ အခုမြန္းလဲြပိုင္းက ေပ်ာက္ဆံုးသြားတာ ျဖစ္တယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ေျပာခြင့္ရသူ ေဒါက္တာမ်ိဳးၫြန္႔က ဗြီအိုေအကို အတည္ျပဳပါတယ္။
-------------------------------
(Unicode)
အိန္ဒိယနိုင်ငံသား ၂ ဦး AA ဖမ်းဆီး
အိန္ဒိယနိုင်ငံသား ၂ ဦးကို ရခိုင်လက်နက်ကိုင်တပ် AA က ဖမ်းဆီးသွားတယ်ဆိုပြီး အိန္ဒိယနိုင်ငံ နယူးဒေလီအခြေစိုက် Asian News International – ANI က နိုဝင်ဘာလ ၃ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။
ဒီ အဖမ်းခံရတယ်ဆိုတဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးက လမ်းစီမံကိန်းအတွက် ခရီးသွားရင်း အဖမ်းခံရတာလို့ သတင်းက ဖော်ပြပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့ကနေ ရခိုင်ပြည်နယ် စစ်တွေကိုအသွား လမ်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဖမ်းသွားတာလို့ သတင်းရင်းမြစ်တွေရဲ့ အပြောကို ကိုးကားပြီး ANI က ပြောဆိုပါတယ်။
အဖမ်းခံရတဲ့ အိန္ဒိယနိုင်ငံသားတွေက အိန္ဒိယနိုင်ငံ မီဇိုရမ်ကနေ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းကို ချိတ်ဆက်မယ့် လမ်းစီမံကိန်းအတွက် အလုပ်လုပ်နေသူတွေ ဖြစ်တယ်လို့ ANI သတင်းက ဖော်ပြပါတယ်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် အိန္ဒိယနိုင်ငံသားအချို့၊ စကားပြန်အချို့နဲ့ စက်လှေမောင်းသူ စုစုပေါင်း ၉ ဦးဟာ ပလက်ဝကနေ ကျောက်တော်ကို တနင်္ဂနွေနေ့ မနက်ပိုင်း ထွက်လာရာမှာ ချင်းနဲ့ ရခိုင်နယ်စပ်မှာ အခုမွန်းလွဲပိုင်းက ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ဗွီအိုအေကို အတည်ပြုပါတယ်။