သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲ လက္နက္ႀကီးက်ည္က်ေရာက္မႈ ျမန္မာသံအမတ္ႀကီးကို ၄ ႀကိမ္ေျမာက္ဆင့္ေခၚသတိေပး


ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္နယ္နမိတ္

[[Zawgyi/Unicode]]

ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲကို လက္နက္ႀကီးက်ည္ေတြ ခဏခဏ က်ေရာက္ေနတဲ့အတြက္ တလေတာင္ မရွိေသးတဲ့အခ်ိန္အတြင္းမွာ စတုတၳအႀကိမ္အျဖစ္ ျမန္မာသံအမတ္ႀကီးကို ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဒီကေန႔ ဆင့္ေခၚသတိေပးလိုက္ပါတယ္။

ျမန္မာသံအမတ္ႀကီး ဦး ေအာင္ေက်ာ္မိုးကို ေခၚယူကန႔္ကြက္တာ ျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္တာဝန္ရွိသူေတြကို ကိုးကားၿပီးဂၤလားေဒ့ရွ္သတင္းေတြမွာ ဒီကေန႔ေဖၚျပလိုက္တာပါ။ ျမန္မာစစ္တပ္နဲ႔ AA တို႔ တိုက္ပြဲျဖစ္ရာနယ္စပ္မွာ ခုလို လက္နက္ႀကီးက်ည္ေတြ က်ေရာက္ခဲ့တာ ျဖစ္ပါတယ္။

ေသာၾကာေန႔တုန္းက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းအေပၚ က်ေရာက္တဲ့ လက္နက္ႀကီးက်ည္ေတြေၾကာင့္ ဒုကၡသည္တဦး ေသဆုံးၿပီး ဘဂၤလားေဒ့ရွ္ ႏိုင္ငံသားတဦးအပါအဝင္ ၆ ဦး ဒဏ္ရာရရွိခဲ့ၾကတာကို ဘဂၤလားေဒ့ရွ္က ရႈတ္ခ်လိုက္တယ္လို႔ ျပည္ထဲေရးဝန္ႀကီး မစၥတာ Asaduzzaman Khan Kamal က ေျပာပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ၿငိမ္းခ်မ္းစြာ အေျဖတရပ္ကိုရွာဖို႔ က်ေနာ္တို႔ ႀကိဳးစားေနပါတယ္။ လိုအပ္မယ္ဆိုရင္ ဒီ ကိစၥကို ကုလသမဂၢအထိ က်ေနာ္တို႔ ယူသြားမွာပါလို႔ ျပည္ထဲေရးဝန္ႀကီးက သတင္းစာဆရာေတြကို စေနေန႔က ေျပာပါတယ္။

“AA အဖြဲနဲ႔ ARSA အစြန္းေရာက္ ဘဂၤလီအဖြဲ႔ ပူးေပါင္း၍ ျမန္မာ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ နယ္နိမိတ္နယ္စပ္ ၿခံစည္း႐ိုးအနီးမွေန၍ လုံၿခဳံေရး ရဲကင္းစခန္းမ်ားအား လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ လက္နက္ႀကီးက်ည္မ်ား ဘဂၤလားေဒ့ရွ္ ႏိုင္ငံအတြင္း က်ေရာက္ေပါက္ကြဲ” တာျဖစ္တယ္လို႔ စစ္ေကာင္စီ သတင္းျပန္ၾကားေရး အဖြဲ႔က မေန႔ က ထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီဟာ အမွားကို သိျမင္ၿပီး အနာဂတ္မွာ ႏွစ္ႏိုင္ငံ ဆက္ဆံေရးအေပၚ ဟန႔္တားေႏွာင့္ေႏွးေစမယ့္လုပ္ရပ္ေတြ ကို မလုပ္မိေအာင္ အနာဂတ္မွာ ခ်ဳပ္ထိန္းလိမ့္မယ္လို႔ ဘဂၤလားေန႔ရွ္ ႏိုင္ငံ က ေမွ်ာ္လင့္ေၾကာင္း ျပည္ထဲေရးဝန္ႀကီး Asaduzzaman Khan Kamal က စေနေန႔ က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------

[[Unicode]]

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ လက်နက်ကြီးကျည်ကျရောက်မှု မြန်မာသံအမတ်ကြီးကို ၄ ကြိမ်မြောက်ဆင့်ခေါ်သတိပေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို လက်နက်ကြီးကျည်တွေ ခဏခဏ ကျရောက်နေတဲ့အတွက် တလတောင် မရှိသေးတဲ့အချိန်အတွင်းမှာ စတုတ္ထအကြိမ်အဖြစ် မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ဆင့်ခေါ်သတိပေးလိုက်ပါတယ်။

မြန်မာသံအမတ်ကြီး ဦး အောင်ကျော်မိုးကို ခေါ်ယူကန့်ကွက်တာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကို ကိုးကားပြီးင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဒီကနေ့ဖေါ်ပြလိုက်တာပါ။ မြန်မာစစ်တပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ရာနယ်စပ်မှာ ခုလို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

သောကြာနေ့တုန်းက ရိုဟင်ဂျာဒုက္ခသည်စခန်းအပေါ် ကျရောက်တဲ့ လက်နက်ကြီးကျည်တွေကြောင့် ဒုက္ခသည်တဦး သေဆုံးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတဦးအပါအဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ကြတာကို ဘင်္ဂလားဒေ့ရှ်က ရှုတ်ချလိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီး မစ္စတာ Asaduzzaman Khan Kamal က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ငြိမ်းချမ်းစွာ အဖြေတရပ်ကိုရှာဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ လိုအပ်မယ်ဆိုရင် ဒီ ကိစ္စကို ကုလသမဂ္ဂအထိ ကျနော်တို့ ယူသွားမှာပါလို့ ပြည်ထဲရေးဝန်ကြီးက သတင်းစာဆရာတွေကို စနေနေ့က ပြောပါတယ်။

“AA အဖွဲနဲ့ ARSA အစွန်းရောက် ဘင်္ဂလီအဖွဲ့ ပူးပေါင်း၍ မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်နယ်စပ် ခြံစည်းရိုးအနီးမှနေ၍ လုံခြုံရေး ရဲကင်းစခန်းများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျည်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲ” တာဖြစ်တယ်လို့ စစ်ကောင်စီ သတင်းပြန်ကြားရေး အဖွဲ့က မနေ့ က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ အမှားကို သိမြင်ပြီး အနာဂတ်မှာ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ဟန့်တားနှောင့်နှေးစေမယ့်လုပ်ရပ်တွေ ကို မလုပ်မိအောင် အနာဂတ်မှာ ချုပ်ထိန်းလိမ့်မယ်လို့ ဘင်္ဂလားနေ့ရှ် နိုင်ငံ က မျှော်လင့်ကြောင်း ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က စနေနေ့ က ပြောပါတယ်။

XS
SM
MD
LG