သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ AA တိုက်ပွဲ အရှိန်မြင့်


AA တပ်ဖွဲ့ဝင်များ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA တပ်ဖွဲ့ဝင်များ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့စစ်ရေးတင်းမာမှုကြောင့် ဒေသခံရွာသားတွေစစ်ဘေး တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းအရအဖြေရှာသွားမယ်လို့ထုတ်ပြန်ထားကြပေမဲ့လဲ အခုလိုတိုက်ပွဲဖြစ်ပွါးနေတာဟာ နိုင်ငံရေးစားပွဲဝိုင်းမရောက်မှီ စစ်ရေးအရအသာစီးရယူမှုပေါ်လစီတခုလို့လဲနိုင်ငံ ရေး ပါတီခေါင်းဆောင်တွေကသုံးသပ်ထားပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပို့ ထားပါတယ်။

ရခိုင်ပြည်နယ်မြို့နယ်တချို့တွေမှာ မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော်တို့အကြားတိုက်ပွဲကြောင့် ဒေသခံ တွေ ရပ်ရွာကနေတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကမြန်မာ့တပ်မတော်ကနေ စစ်ရဟတ်ယာဉ်နဲ့အင်အားပြထိုးစစ်ဆင်လာတဲ့အနေအထားကြောင့် ပုဏ္ဏားကျွန်း မြို့နယ်နဲ့ကျောက်တော်နယ်အစပ် တောဖျားချောင်းနဲ့ယိုးချောင်းဒေသကရွာသားတွေ ကြောက်လန့်ပြီး အခုချိန်ထိ နေရပ်က နေတိမ်းရှောင်နေဆဲလို့ ကျောက်တော်မြို့နယ်လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူ ဦးဇော်ဝင်းက ပြောပါတယ်။

“မနေ့က ရွာတွေအပေါ်ဖက်ကဂျက်လေယာဉ်တွေလေ။ အစိုးရတပ်ကဂျက်လေယာဉ်တွေ အစီး(၁၀)ကျော်ဖြတ် လျှောက်တယ်။ ဟိုတန်းပြီးတော့ရှင်လောင်းလှည့်သလိုပေါ့။ အဲဒီမတိုင်ခင်နေ့က လေယာဉ်နဲ့စက်သေနတ်တွေ ပစ် တယ်။ ဗုံးတွေချတယ်ဆိုတော့ ရွာသားတွေက ပထမနေ့ကတည်းကလန့်နေကြတယ်လေ။ မနေ့ကအစီး(၁၀)ကျော် သွားတယ်။ ပစ်တာတော့ဘာမှမတွေ့ဘူး။ အပေါ်ကဘာမှမလပ်ပေမဲ့လန့်ကြတယ်အဲဒီလိုမျိုး။ သလူချောင်းရွာရဲ့ အောက်ဖက်က ခလူးချောင်းတို့ တောင်ပေါက်ရွာတို့ အဲဒီရွာတွေက ဒီအထိကိုဆင်းလာကြပြီး။ ကန်စောင့်ရွာမှာဆိုရင် မနေ့က(၈၀)ရောက်တယ်။ ဒီနေ့လဲကန်စောင့်ရွာဘုန်ကြီးကျောင်းမှာ(၁၀၀)ကျော်ရောက်နေပြီး။ သလူချောင်းရွာမှာ (၂၀) ကျော်လောက်ရှိတယ်။”

အဲဒီဒေသဟာ ဝေးလံခေါင်သီတဲ့ဒေသဖြစ်လို့ စစ်ရှောင်တွေအနေနဲ့အကူအညီတွေမရရှိသေးဘူးလို့သူကဆိုပါတယ်။

ကြာသပတေးနေ့မှာတော့ တိုက်ပွဲဖြစ်ပွါးမှုသတင်းကိုမကြားရသေးဘူးလို့ရခိုင်တပ်မတော်ဘက်ကပြောပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က တောဖျားချောင်း နှင့် ယိုးချောင်းအကြားဘက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ ့လို့ မြန်မာ့တပ်မတော် ကနေ လေယာဉ်(၂)စင်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာလကုန်ပိုင်းကစပြီးဖြစ်ပွါးလာတဲ့တိုက်ပွဲကြောင့် ဘူးသီးတောင် ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ စစ်ဘေးရှောင် ဦးရေတိုးပွါးလာခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အထက်သင်ပုန်းတန်းကျေးရွာမှာ စစ်ရှောင်(၃၀၀)ကျော် တိမ်းရှောင်ရောက် ရှိနေပြီး သူတို့ရဲ့ လက်ရှိ အခြေအနေကို ပိုးရွှီပြင်မဟာမိတ်လူမှုကူညီမှုအသင်း တာဝန်ခံဦးငယ်ဦးမောင်ကအခုလိုပြောပါတယ်။

“စားရေးကတော့ ဒီမှာလူမှုကူာီရေးအဖွဲ့တွေကလာကူညီတာရှိတယ်။ နေတာကတော့တာလပတ်တာထိုးပြီး နေနေရ တာလေ။ အနွေးထည်လဲအခက်ခဲရှိနေတယ်။ ပညာသင်တဲ့ကလေးတွေလဲပါတယ်လေအထဲမှာ။”

ဘူးသီးတောင်မြို့နယ် စိုင်ဒင်ဈေးရွာကိုတိမ်းရှောင်ရောက်ရှိနေတဲ့ စစ်ရှောင်(၁၂၀)ကိုတော့ ရိက္ခာအကူညီပေး ဆောင်ထားတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းအောင်သိန်းကပြောပါတယ်။

“ကျွန်တော်တို့ရခိုင်အမျိုးသားပါတီကနေပြီးတော့ ရိက္ခာထောက်ပံ့မှုတွေတော့သွားလုပ်ပေးပြီးဖြစ်ပါတယ်။ ရှိနေတဲ့ ဒုက္ခသည်တွေကို ကျွန်တော်တို့မြို့နယ်အုပ်ချုပ်ရေးကတဆင့်ပေါ့နော်။ ပစ္စည်းတွေသွားပို့ပေးတာရှိပါတယ်။ ဒီနေ့ ဆိုရင်ICRCကလဲ သွားပြီးတော့ကူညီထောက်ပံ့တာတွေရှိတယ်။ ”

လက်ရှိရခိုင်ပြည်နယ်စစ်မက်ဖြစ်ပွါးရာဒေသအတွင်း မြန်မာ့တပ်မတော်ကနေစစ်အင်အားတွေ တိုးပြီးဖြည့်တင်း ထားသလို တိုက်ပွဲဆက်လက်ဖြစ်ပွါးနိုင်တဲ့အခြေအနေကြောင့် စစ်ရှောင်ရွာသားတွေနေရပ်ပြန်ဖို့က မဖြစ်နိုင် သေးပါဘူး။

တပ်မတော်အနေနဲ့ ရခိုင့်တပ်မတော်အခြေပြုရာ ဘူးသီးတောင် ရသေ့တောင် ကျောက်တော် ပုဏ္ဏားကျွန်းမြို့ နယ်အပြင် ချင်းပြည်နယ်အလက်ဝအထိ နယ်မြေရှင်းလင်းသွားမဲ့အခြေအနေရှိတယ်လို့ ကျောက်တော် ဒေသ ခံတဦးကပြောပါတယ်။

ရခိုင်တပ်မတော်ဘက်ကလဲ ပလက်ဝမြို့နယ်ကျေးရွာဒေသအတွင်း မြန်မာ့တပ်မတော်ရောက်ရှိရင် သတင်းပေးဖို့ တပ်မတော်ဘက်ကိုသတင်းပို့ရမယ်ဆိုရင် သတင်းအလွှဲတွေပေးဖို့နဲ့ ညွှန်ကြားချက်အတိုင်းဆောင်ရွက်ဖို့ ပျက် ကွက်ရင် အရေးယူသွားမယ်လို့ ဒီဇင်ဘာ(၁၃)ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ၁၂ရက်နေ့ကရခိုင့်တပ်မတော်AA ၊တအာင်းပလောင်တပ်ဖွဲ့TNLA ၊ ကိုးကန့်တပ်ဖွဲ့MNDAA တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စစ်ရေးနည်းလမ်းရပ်ဆိုင်းပြီး နိုင်ငံရေးနည်းအရအဖြေရှာသွားမယ်လို့ထုတ်ပြန် ချက်တစ်ခု ထွက်ရှိခဲ့ပြီး အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ကလည်း ဒီထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်း ကြေညာ ချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအခြေအနေမျိုးမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော်တို့အကြား တိုက်ပွဲတွေဆက်ဖြစ်ပွါးနေတာဟာ ဆွေးနွေး ပွဲမတိုင်ခင် တဖက်နဲ့တဖက်စစ်ရေးအသာစီးရယူလို့မှုတခုလို့လဲ ရခိုင်အမျိုးသားပါတီအတွင်းရေးမှူး ဦးထွန်းအောင် ကျော်ကပြောပါတယ်။

“တဖက်နဲ့တဖက်စစ်ရေးအရဖိအားတွေအများကြီးပေးပြီးတော့မှ တဖက်သားကိုအားလျော့အောင်ဆိုပြီးတော့ လုပ်သွားတဲ့ပေါ်လစီဆိုတာရှိပါတယ်။ အခုလဲဒီလိုဘဲ စားပွဲမှာမရောက်ခင် အဘက်ဘက်ကအသာစီးယူပြီးတော့ ဖိအားပေးနိုင်အောင် စစ်ပွဲကိုအရှိန်မြှင့်တယ်လို့ ကျွန်တော်တို့အနေနဲ့ဒီလိုဘဲမြင်ပါတယ်ခင်ဗျ။

နိုဝင်ဘာလကုန်ပိုင်းကစပြီး ဒီကနေ့အထိ ရခိုင်ပြည်နယ် ဘူးသီးတောင် ရသေ့တောင် ပုဏ္ဏားကျွန်းမြို့နယ် ဘက် တွေမှာ မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော်တို့အကြားဖြစ်တဲ့ တိုက်ပွဲအရေအတွက် ၄၀ ထက်မနည်း ရှိနေပြီးဖြစ် ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG