သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

2021 Sean MacBride ၿငိမ္းခ်မ္းေရးဆု AAPP လက္ခံရရွိ


AAPP web page (AAPP)

[[Zawgyi/Unicode]]

၂၀၂၁ ခုႏွစ္အတြက္ Sean MacBride ၿငိမ္းခ်မ္းေရးဆုကို ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ကို ခ်ီးျမႇင့္လိုက္ပါတယ္။ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ လူ႔အခြင့္အေရး ဝန္ႀကီး ဦးေအာင္မ်ိဳးမင္းနဲ႔ ေအေအပီပီရဲ႕ ဥကၠ႒ကိုဘိုၾကည္တို႔က ဆုခ်ီးျမႇင့္တဲ့ အခမ္းအနားမွာ အင္တာနက္ကတဆင့္ မိန႔္ခြန္း ေျပာၾကားခဲ့ပါတယ္။

ခုလို ဆုခ်ီးျမႇင့္ခံရတာနဲ႔ ပတ္သက္ၿပီး ေအေအပီပီ ရဲ႕ အတြင္းေရးမႉး ကိုတိတ္က ဗြီအိုေအကို ခုလို ေျပာပါတယ္။

“ဒီဆုကေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး ႏွစ္စဥ္ေပးေနတဲ့ဆုျဖစ္ပါတယ္။ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုရွင္ကို ကိုယ္စားျပဳၿပီးေတာ့ ေပးတဲ့ဆုျဖစ္ပါတယ္။ အဓိက က ဗမာျပည္မွာ အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းမွာ ၿငိမ္းခ်မ္းစြာဆႏၵျပေနတဲ့လူေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔အတြက္ ႀကိဳးစားမႈေတြနဲ႔ပတ္သက္ၿပီးေတာ့ အသိအမွတ္ျပဳတဲ့ ကိစၥတခုေပါ့ေလ။ အဲဒီမွာ ေအေအပီပီကေတာ့ သတင္းအခ်က္အလက္ေတြနဲ႔ပတ္သက္ၿပီးေတာ့ ေတာက္ေလွ်ာက္လက္လွမ္းမီသမွ် ထုတ္ျပန္ေနတဲ့အေပၚမွာ ဒီအခ်က္အလက္ေတြကိုလည္း ႏိုင္ငံတကာ မီဒီယာေတြ၊ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕ေတြ၊ ႏိုင္ငံတကာအစိုးရေတြကေနၿပီးေတာ့ code လုပ္တယ္ဆိုတဲ့အခါက်ေတာ့ ဒီအေပၚမွာေပးတဲ့ ဆုျဖစ္ပါတယ္။ ဒါက ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးလိုလားတဲ့သူေတြနဲ႔ပတ္သက္ၿပီးေတာ့ ဒီမိုကေရစီေရး လႈပ္ရွားေဆာင္႐ြက္ေနတဲ့ လူေတြနဲ႔ပတ္သက္ၿပီးေတာ့ အားလုံးကိုအသိအမွတ္ျပဳၿပီးေပးတဲ့ဆုလို႔ ေျပာလို႔ရပါတယ္ဗ်။”

ဂ်ာမနီႏိုင္ငံ ျမဴးနစ္ၿမိဳ႕မွာ ေက်ာင္းတက္ေနတဲ့ ျမန္မာေက်ာင္းသူတေယာက္က ေအေအပီပီရဲ႕ ကိုယ္စား ဆုကို ဘာလင္ၿမိဳ႕ မွာ တက္ေရာက္ယူခဲ့ပါတယ္။

ဒီ ဆုကို ဂ်ာမနီႏိုင္ငံအေျခစိုက္ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးဗ်ဴ႐ိုအဖြဲ႕ (IPB) က ခ်ီးျမႇင့္တာ ျဖစ္ပါတယ္။ ဒီ အဖြဲ႕အစည္းဟာ စစ္ပြဲမဲ့ ကမာၻျဖစ္ေပၚေရးဆိုတဲ့အျမင္အတြက္ ေဆာင္႐ြက္ေနတဲ့ အဖြဲ႕အစည္း ျဖစ္ပါတယ္။ ဆု အမည္တပ္ထားတဲ့ Sean MacBride ဟာ အိုင္ယာလန္ လြတ္လပ္ေရးတြက္ တိုက္ပြဲဝင္ခဲ့တဲ့ ေခါင္းေဆာင္တေယာက္ျဖစ္ၿပီး IPB အဖြဲ႕မွာ ၁၉၆၈ ကေန ၁၉၈၅ အထိ ဥကၠဌအျဖစ္ တာဝန္ယူေဆာင္႐ြက္ခဲ့ပါတယ္။ သူဟာ လီနင္ ၿငိမ္းခ်မ္းေရးဆုနဲ႔ ၁၉၇၄ ႏိုဘယ္ဆုေတြကိုလည္း ရရွိထားသူပါ။

AAPP ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္းကိုေတာ့ ၂၀၀၀ ခုႏွစ္မွာ စတင္ဖြဲ႔စည္းခဲ့ၿပီး ႏိုင္ငံေရးအက်ဥ္းသားေတြလြတ္ေျမာက္ေရးကို အစဥ္တစိုက္ ေဆာင္႐ြက္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ ၂၀၁၂ အလြန္ ႏိုင္ငံေရးအသြင္ကူးေျပာင္းမႈျဖစ္ၿပီး အရပ္သားအစိုးရတက္လာတဲ့အခ်ိန္မွာေတာ့ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းေတြရဲ႕ က်န္းမာေရးကိစၥအျပင္ အက်ဥ္းေထာင္ျပဳျပင္ေျပာင္းလဲေရးကိစၥေတြကို ေဆာင္႐ြက္ခဲ့ပါတယ္။ ၂၀၂၁ ခုႏွစ္ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္မွာေတာ့ စစ္ေကာင္စီရဲ႕အၾကမ္းဖက္မႈေတြနဲ႔ တတ္ႂကြသူေတြအဖမ္းခံရမႈ အသတ္ခံရမႈေတြကို မွတ္တမ္းျပဳစု ထုတ္ျပန္ေနပါတယ္။
#AAPPBurma #SeanMacBridePeacePrize #VOABurmese #ေအေအပီပီ #ကိုဘုိၾကည္ #ကိုတိတ္ #ဗီြအိုေအ

============

[[Unicode]]

2021 Sean MacBride ငြိမ်းချမ်းရေးဆု AAPP လက်ခံရရှိ

၂၀၂၁ ခုနှစ်အတွက် Sean MacBride ငြိမ်းချမ်းရေးဆုကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ချီးမြှင့်လိုက်ပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ အေအေပီပီရဲ့ ဥက္ကဋ္ဌကိုဘိုကြည်တို့က ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ အင်တာနက်ကတဆင့် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ခုလို ဆုချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး အေအေပီပီ ရဲ့ အတွင်းရေးမှူး ကိုတိတ်က ဗွီအိုအေကို ခုလို ပြောပါတယ်။

“ဒီဆုကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး နှစ်စဉ်ပေးနေတဲ့ဆုဖြစ်ပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်ကို ကိုယ်စားပြုပြီးတော့ ပေးတဲ့ဆုဖြစ်ပါတယ်။ အဓိက က ဗမာပြည်မှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့အတွက် ကြိုးစားမှုတွေနဲ့ပတ်သက်ပြီးတော့ အသိအမှတ်ပြုတဲ့ ကိစ္စတခုပေါ့လေ။ အဲဒီမှာ အေအေပီပီကတော့ သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ တောက်လျှောက်လက်လှမ်းမီသမျှ ထုတ်ပြန်နေတဲ့အပေါ်မှာ ဒီအချက်အလက်တွေကိုလည်း နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ၊ နိုင်ငံတကာအစိုးရတွေကနေပြီးတော့ code လုပ်တယ်ဆိုတဲ့အခါကျတော့ ဒီအပေါ်မှာပေးတဲ့ ဆုဖြစ်ပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေတဲ့ လူတွေနဲ့ပတ်သက်ပြီးတော့ အားလုံးကိုအသိအမှတ်ပြုပြီးပေးတဲ့ဆုလို့ ပြောလို့ရပါတယ်ဗျ။”

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသူတယောက်က အေအေပီပီရဲ့ ကိုယ်စား ဆုကို ဘာလင်မြို့ မှာ တက်ရောက်ယူခဲ့ပါတယ်။

ဒီ ဆုကို ဂျာမနီနိုင်ငံအခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးဗျူရိုအဖွဲ့ (IPB) က ချီးမြှင့်တာ ဖြစ်ပါတယ်။ ဒီ အဖွဲ့အစည်းဟာ စစ်ပွဲမဲ့ ကမ္ဘာဖြစ်ပေါ်ရေးဆိုတဲ့အမြင်အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဆု အမည်တပ်ထားတဲ့ Sean MacBride ဟာ အိုင်ယာလန် လွတ်လပ်ရေးတွက် တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တယောက်ဖြစ်ပြီး IPB အဖွဲ့မှာ ၁၉၆၈ ကနေ ၁၉၈၅ အထိ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ သူဟာ လီနင် ငြိမ်းချမ်းရေးဆုနဲ့ ၁၉၇၄ နိုဘယ်ဆုတွေကိုလည်း ရရှိထားသူပါ။

AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းကိုတော့ ၂၀၀၀ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကို အစဉ်တစိုက် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၂ အလွန် နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်ပြီး အရပ်သားအစိုးရတက်လာတဲ့အချိန်မှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ကျန်းမာရေးကိစ္စအပြင် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေနဲ့ တတ်ကြွသူတွေအဖမ်းခံရမှု အသတ်ခံရမှုတွေကို မှတ်တမ်းပြုစု ထုတ်ပြန်နေပါတယ်။


#AAPPBurma #SeanMacBridePeacePrize #VOABurmese #အေအေပီပီ #ကိုဘိုကြည် #ကိုတိတ် #ဗွီအိုအေ

============

XS
SM
MD
LG