သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒစ္ဂ်စ္တယ္နည္းနဲ႔ဖန္တီးထားတဲ့ ABBA ဂီတေဖ်ာ္ေျဖပြဲ


ABBA အဖြဲ႔ဝင္မ်ား (ဝဲမွယာ) Bjorn Ulvaeus၊ Agnetha Faltskog၊ Anni-Frid Lyngstad နဲ႔ Benny Andersson

[[Zawgyi/Unicode]]

Sweden ကကမာၻေက်ာ္ Pop ဂီတအဖဲြ႔ျဖစ္တဲ့ ABBA က အႏွစ္ ၄၀ အတြင္း ပထမဆံုး ဂီတေဖ်ာ္ေျဖပြဲကို လန္ဒန္ၿမိဳ႕မွာ က်င္းပခဲ့ပါတယ္။ ABBA Voyage လို႔ နာမည္ေပးထားတဲ့ ေဖ်ာ္ေျဖပြဲမွာ ABBA အဖြဲ႔ဝင္ ၄ ေယာက္နဲ႔ ပုံစံတူလုပ္ထားတဲ့ Digital ႐ုပ္ေတြက အထူးဖန္တီးထားတဲ့ Effect ေတြ မီးေရာင္ေတြေအာက္မွာ ေဖ်ာ္ေျဖခဲ့ၾကတာျဖစ္ပါတယ္။

၁ နာရီခြဲၾကာတဲ့ ဂီတေဖ်ာ္ေျဖပဲြအတြက္ ABBA အဖဲြ႕ရဲ႕ နာမည္ေက်ာ္သီခ်င္း ၂၂ ပုဒ္ကို သူတို႔ အဖဲြ႔ဝင္ ၄ ေယာက္က သီတင္းပတ္ေပါင္းမ်ားစြာ ႀကိဳတင္ျပင္ဆင္ သီဆိုခဲ့ရတယ္လို႔ အဆိုေတာ္ Benny Andersson ကေျပာပါတယ္။ သူတို႔ရဲ႕ လႈပ္ရွားမႈေတြကို မွတ္ယူတဲ့ motion capture နည္းပညာအပါအဝင္ နည္းပညာေတြသံုးၿပီး သူတို႔နဲ႔ ပံုစံတူ Digital ေအဗာတာေတြကို ဖန္တီးခဲ့ၾကတာျဖစ္ပါတယ္။

ဒါေၾကာင့္ အသက္ ၇၀ ေက်ာ္ေတြျဖစ္ေနၾကတဲ့ အဆိုေတာ္ေတြအစား သူတို႔သိပ္ေက်ာ္ၾကားခဲ့တဲ့ ၁၉၇၀ ျပည္ႏွစ္က အရြယ္ အသက္ ၂၀ ေက်ာ္ ပံုစံ Digital avatar ေတြက ပြဲလာပရိတ္သတ္ေတြကို ေဖ်ာ္ေျဖခဲ့ၾကတာပါ။ ဒါေပမယ့္ တူရီယာတီးခတ္သူေတြ၊ ေနာက္ခံသီဆိုသူေတြကေတာ့ လူအစစ္ေတြျဖစ္ၾကပါတယ္။ ပရိသတ္ ၃ ေထာင္ဆံ့တဲ့ ABBA Arena ေဖ်ာ္ေျဖရံုႀကီးဆီ လာေရာက္ပြဲၾကည့္ခဲ့ၾကသူေတြကေတာ့ Digital ဖန္တီး႐ုပ္ပံုေတြက သီဆိုေဖ်ာ္ေျဖတာျဖစ္ေပမယ့္ တကယ့္ ABBA အဖြဲ႔ သီဆိုေဖ်ာ္ေနတယ္ဆိုတဲ့ ခံစားမႈမ်ဳိးရတယ္လို႔ ေျပာျပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဒစ်ဂျစ်တယ်နည်းနဲ့ဖန်တီးထားတဲ့ ABBA ဂီတဖျော်ဖြေပွဲ

Sweden ကကမ္ဘာကျော် Pop ဂီတအဖွဲ့ဖြစ်တဲ့ ABBA က အနှစ် ၄၀ အတွင်း ပထမဆုံး ဂီတဖျော်ဖြေပွဲကို လန်ဒန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ABBA Voyage လို့ နာမည်ပေးထားတဲ့ ဖျော်ဖြေပွဲမှာ ABBA အဖွဲ့ဝင် ၄ ယောက်နဲ့ ပုံစံတူလုပ်ထားတဲ့ Digital ရုပ်တွေက အထူးဖန်တီးထားတဲ့ Effect တွေ မီးရောင်တွေအောက်မှာ ဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။

၁ နာရီခွဲကြာတဲ့ ဂီတဖျော်ဖြေပွဲအတွက် ABBA အဖွဲ့ရဲ့ နာမည်ကျော်သီချင်း ၂၂ ပုဒ်ကို သူတို့ အဖွဲ့ဝင် ၄ ယောက်က သီတင်းပတ်ပေါင်းများစွာ ကြိုတင်ပြင်ဆင် သီဆိုခဲ့ရတယ်လို့ အဆိုတော် Benny Andersson ကပြောပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကို မှတ်ယူတဲ့ motion capture နည်းပညာအပါအဝင် နည်းပညာတွေသုံးပြီး သူတို့နဲ့ ပုံစံတူ Digital အေဗာတာတွေကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် အသက် ၇၀ ကျော်တွေဖြစ်နေကြတဲ့ အဆိုတော်တွေအစား သူတို့သိပ်ကျော်ကြားခဲ့တဲ့ ၁၉၇၀ ပြည်နှစ်က အရွယ် အသက် ၂၀ ကျော် ပုံစံ Digital avatar တွေက ပွဲလာပရိတ်သတ်တွေကို ဖျော်ဖြေခဲ့ကြတာပါ။ ဒါပေမယ့် တူရီယာတီးခတ်သူတွေ၊ နောက်ခံသီဆိုသူတွေကတော့ လူအစစ်တွေဖြစ်ကြပါတယ်။ ပရိသတ် ၃ ထောင်ဆံ့တဲ့ ABBA Arena ဖျော်ဖြေရုံကြီးဆီ လာရောက်ပွဲကြည့်ခဲ့ကြသူတွေကတော့ Digital ဖန်တီးရုပ်ပုံတွေက သီဆိုဖျော်ဖြေတာဖြစ်ပေမယ့် တကယ့် ABBA အဖွဲ့ သီဆိုဖျော်နေတယ်ဆိုတဲ့ ခံစားမှုမျိုးရတယ်လို့ ပြောပြကြပါတယ်။

===============

XS
SM
MD
LG