သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် တရုတ်စီးပွားရေးနဲ့ ဆက်နွယ်မှုရှိမရှိ စုံစမ်းဖို့ JFM အဖွဲ့တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Julie Bishop
မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Julie Bishop

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Julie Bishop ဟာ မြန်မာနိုင်ငံထဲမှာရင်းနှီး လုပ်ကိုင်နေတဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ ပတ်သက်ဆက်စပ်နေတယ်လို့ မြန်မာ့အရေးစောင့်ကြည့်လှုပ်ရှားနေသူတွေက စွပ်စွဲလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကုလသမဂ္ဂကိုတောင်းဆိုလိုက်ပါတယ်။

အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံမှာ သူ့ရဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်ဆက်နွယ်မှုတွေရှိနေနိုင်တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို Justice for Myanmar အဖွဲ့က ပြီးခဲ့တဲ့စနေနေ့က ကြေငြာချက်တစောင် ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကိုဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာဦးဆောင်ပါဝင်နေသူတွေပြင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပါ ထိတွေ့ဆက်ဆံရမှာဖြစ်ပါတယ်။ အခုလို တရုတ်ကုမ္ပဏီတွေနဲ့ပတ်သက်တယ်ဆိုတဲ့ သတင်းကြောင့် မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အယုံအကြည်ပျက်သွားနိုင်တယ်လို့ Justice for Myanmar အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က AP သတင်းဌာနကို ဒီကနေ့ အင်္ဂါနေ့မှာပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ သြစတြေးလျအမျိုးသားတက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးမှူးတဦးလည်းဖြစ်တဲ့၊ အထူးကိုယ်စားလှယ် Julie Bishop ကတော့ ဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ မှတ်ချက်ပြုပြောဆိုခြင်းမရှိသလို၊ သူ့ရဲ့အကြံပေး ကုမ္ပဏီအနေနဲ့လည်း တုန့်ပြန်ပြောဆိုခြင်းမရှိဘူးလို့ သြစတြေးလျနိုင်ငံထုတ် Saturday Paper သတင်းစာ ဖေါ်ပြပါတယ်။

ဒါပေမယ့် Julie Bishop ရဲ့ ပုဂ္ဂလိကပိုင်အကြံပေး ကုမ္ပဏီကနေ သြစတြေးလျသတင်းစာကိုပေးပို့တဲ့ကြေငြာချက်ထဲမှာတော့ အကြံပေးကုမ္ပဏီအနေနဲ့ မဟာဗျူဟာလေ့လာချက်တွေနဲ့ လမ်းညွှန်ချက်တွေ (တရုတ်ကုမ္ပဏီကို)ပေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

Forum

XS
SM
MD
LG