မြန်မာနိုင်ငံတွင်း ဖွံဖြိုးရေးလုပ်ငန်းတွေအတွက် ADB အာရှဖွံဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ် စတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက စတင်ကူညီမှုတွေ လုပ်လာရာမှာ၊ သူတို့အနေနဲ့ ဒေသခံပြည်သူတွေကို အခြေခံတဲ့ အစီအစဉ်တွေ ဒေသခံပြည်သူတွေကိုယ်တိုင်ပါဝင်တဲ့ အစီအစဉ်တွေကို ဆောင်ရွက် သွားမှာဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ တချိန်တည်းမှာတော့ အစိုးရက ဖွဲ့ပေးထားတဲ့ ဒေသဖွံဖြိုးရေးကော်မတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်မှုဟာ ဒီလုပ်ငန်းတွေ အောင်မြင်ဖို့ အခရာဖြစ်တယ်လို့ ဖွံဖြိုးရေးသုတေသီတွေကလည်း ပြောပါတယ်။ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက ဒီအကြောင်း စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားတာဖြစ်ပါတယ်။
အရင်က မြန်မာနိုင်ငံကို ငွေကြေးအကူအညီဖြတ်တောက်ထားတဲ့ အာရှဖွံဖြိုးရေးဘဏ်ဟာ မြန်မာနိုင်ငံတွင်း ဆင်းရဲမွဲတေမှုလျှော့ချရေးနဲ့ HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းနှစ်ရပ်အတွက် ဒေါ်လာ သန်းနှစ်ဆယ်ကျော် အကူအညီတရပ် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အစိုးရနဲ့ သဘောတူညီချက် လက်မှတ်ထိုးခဲ့ပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ADB ရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်လို့ မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့ ADB ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဂျပန်အစိုးရကိုယ်စားလှယ် Kazuhiko Koguchi က ပြောပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းက လိုအပ်ချက် ရှိနေတဲ့ ဒေသခံပြည်သူတွေ ရှိရာကို ကိုယ်တိုင် သွားလေ့လာခဲ့သလို၊ ဒီအကူအညီတွေကိုလည်း ဒေသခံပြည်သူတွေကိုယ်တိုင် စီမံခန့်ခွဲရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို သွားတော့ ဒေသခံပြည်သူတွေနဲ့ တွေ့ခဲ့ပါ တယ်။ သူတို့ဟာ အခြေခံကျတဲ့ လိုအပ်ချက်တွေကို ခံစားခွင့်မရပဲ ဒုက္ခတွေ့နေကြသူတွေပါ။ လမ်း၊ တံတား၊ သောက်ရေသုံးရေ၊ ပညာသင်ကျောင်း ကျန်းမာရေးဌာန စတဲ့ ကျနော်တို့လုပ်မယ့် ကျေးရွာအခြေခံအဆောက်အဦး တည်ဆောက်ရေးစီမံကိန်းတွေဟာ ဒီလူတွေကို ပံ့ပိုး အကူအညီဖြစ်စေမယ် လို့ မျှော်လင့်ပါတယ်။ သူတို့ရဲ့ နေစဉ့် လူနေမှုဘ၀ ပိုမို တိုးတက်ကောင်းမွန် လာမယ်လို့ မျှော်လင့်ပါတယ်။
ဒီစီမံကိန်းတွေကိုလည်း ဒေသခံကျေးလက်လူထုကို အခြေခံပြီး အကောင်အထည်ဖော်ရတဲ့ စနစ်ကို အသုံးပြုထားပါတယ်။ ဆိုလိုတာကတော့ ဒေသခံပြည်သူတွေကိုယ်တိုင် စီမံကိန်းထဲက ဘယ်လုပ်ငန်းတွေကို စလုပ်မယ်ဆိုတာကို ရွေးခြယ်ရမှာပါ။”
အခု ပေးတဲ့ ADB အကူအညီတွေကိုတော့ ဂျပန်အစိုးရက ပေးအပ်တာဖြစ်ပြီး ADB နဲ့ မြန်မာအစိုးရက သဘောတူလက်မှတ်ထိုး အကောင်အထည်ဖော်ရမှာပါ။ တချိန်တည်းမှာလည်းပဲ ကမ္ဘာဘဏ်ဘက်မှာလည်း မြန်မာနိုင်ငံဖွံဖြိုးရေးအတွက် အကူအညီပေးနိုင်ဖို့ စတင်ဆွေးနွေးမှုတွေ ရှိနေပြီလို့သိရပါတယ်။ လတ်တလော အချိန်မှာတော့ ဒီ အကူအညီတွေကို လက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ဝန်ကြီးဌာနအချို့ရဲ့ လုပ်ထုံးလုပ်နည်းတွေ ဖြေလျှော့ပေးရေးနဲ့ပတ်သက်ပြီး ကမ္ဘာဘဏ်နဲ့ ဝန်ကြီးဌာန တာဝန်ရှိသူတွေအကြား မကြာခင် ဆွေးနွေးမှုတွေ လုပ်ဖို့ရှိနေပါတယ်။
တဖက်မှာ အကူအညီတွေကို အခုလို ဒေသခံတွေကိုယ်တိုင် ကိုင်တွယ်စီမံဖို့ ဆိုတဲ့နေရာမှာ၊ ဒီ အကူအညီတွေကို စီမံခန့်ခွဲဖို့ စွမ်းဆောင်ရည် ပြည့် ပါ့မလားဆိုတာ မေးခွန်းတော့ရှိပါတယ်။ MDRI စီးပွားရေးနဲ့လူမှုရေးအဖွဲ့က ဒါရိုက်တာ ဒေါက်တာတင်မောင်သန်းကတော့ ဒီ စွမ်းဆောင်ရည်မြင့်တင်ဖို့ ကိစ္စကိုလည်း ဒီအကူအညီပေးရေး အစီအစဉ်တွေမှာ ပါလာဖွယ်ရှိတယ်လို့ ပြောပါတယ်။
"ကမ္ဘာ့ဘဏ်က လုပ်တဲ့ အစီအစဉ်မျိုးကို နမူနာထားပြီး ကြည့်မယ်ဆိုရင် သူက ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီကို ဒီငွေကြေးစီမံခန့်ခွဲ ဖို့ပေးတယ်။ စုပေါင်းပြီးတော့ သူတို့ကပဲ ဦးစားပေးအစီအစဉ်တွေ သတ်မှတ်ရတယ်။ လုပ်ငန်းစီမံကိန်းတွေ ရေးရတယ်။ ရေးပြီးတော့ အစိုးရက ပံ့ပိုးကူညီပေးရတယ်။
ဆိုတော့ ADB မှာလည်း အလားတူပေါ့။ အခြားနိုင်ငံတွေမှာ လုပ်ခဲ့တဲ့ အလားတူအတွေ့အကြုံတွေ ရှိလိမ့်မယ်လို့ထင်တယ်။ ပေးတဲ့အကူအညီတွေကို တကယ်စွမ်းဆောင်နိုင်ရဲ့လားဆိုတဲ့ စိုးရိမ်ချက် ရတက်မအေးဖြစ်ကြတာကလည်း သူတို့မှာလည်းရှိတယ်။"
ADB ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr.Putu Kamayana ကတော့ အခုလို အစီအစဉ်ဆွဲဆောင်ရွက်တဲ့နေရာမှာ အစိုးရအပြင် အစိုးရမဟုတ်တဲ့ အသင်းအပင်းတွေ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေး တိုင်ပင်မှုတွေရှိတယ်လို့ ဗွီအိုအေ မေးမြန်းချက်ကို အခုလို ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံတွင်း စီးပွားဖွံဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ဘယ်ဟာတွေကို ဦးစားပေးဆောင်ရွက်သွားမယ်ဆိုတာ စဉ်းစား ဆုံးဖြတ်ရတဲ့နေရာမှာ၊ နိုင်ငံတွင်းက အရေးကြီးတဲ့ အမျိုးသားအဖွဲ့အစည်း အားလုံးနဲ့ ထိစပ်သွားဖို့ အရေးကြီးတယ်ဆိုတာကို ADB က ခံယူထားပါတယ်။
ကျနော်တို့ရဲ့ အဓိက လက်တွဲဖက်က အစိုးရဆိုတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့်လည်း ကျနော်တို့ အစီအစဉ်တွေအားလုံးကို အခြား အရေးပါတဲ့ပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ ဒေသခံပြည်သူတွေ အရပ်ဖက် အဖွဲ့အစည်းတွေ ပညာရှင်တွေနဲ့ အခြား လက်တွဲဖက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လုပ်တာပါ။ ဒါဟာ လုပ်ငန်းတွေကို မထပ်အောင် အပြင်၊ လုပ်မယ့်အစီအစဉ်တွေအပေါ်မှာ ကိုယ့်ဖက်က အပြည့်အ၀ နားလည်အောင်လည်းဖြစ်ပါတယ်။ ”
ဒေါက်တာတင်မောင်သန်းကတော့ အခုလို စီမံကိန်းတွေ ထိရောက် အောင်မြင်ဖို့ ဆိုရင်တော့ ဒေသခံအစိုးရအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့တွေအကြား ဘယ်လောက်ထိ နားလည်မှုရှိရှိ အလုပ်လုပ်နိုင်မလဲလည်း အတော်ကြီး တည်နေတယ်လို့ ပြောပါတယ်။
"အထူးသဖြင့် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု အရေးကြီးတာပေါ့။ အဲ့သလို ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုမှာ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ တက်တက်ကြွကြွ ပါဝင်မှု၊ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည် ဒါတွေက တော်တော် အရေးကြီးတယ်လို့ထင်တယ်။ သမ္မတရဲ့ မူဝါဒမှာ သက်ဆိုင်ရာ မြို့နယ် နယ်ပယ် မှာ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ရေး ဆိုတဲ့ပုံစံကို ချထားတယ်။ ဒါ စ ကာစဖြစ်တဲ့အတွက် နှစ်ဖက်စလုံးမှာ အသားမကျတာတွေတော့ရှိတယ်။"
ဆင်းရဲမွဲတေမှုလျှော့ချရေး အစိုးရရဲ့ လက်ရှိ အစီအစဉ်တွေထဲမှာတော့ ဒေသ အလိုက် ကျေးလက်ဖွံဖြိုးရေးကော်မတီတွေ ထားရှိပြီး ဆောင်ရွက်နေ တာရှိပါတယ်။ ဒါပေမယ့်လည်း သုံးနှစ်ကြာ အစိုးရသက်တမ်းကာလအတွင်းမှာ သမတဦးသိန်းစိန်အနေနဲ့ လူထုကို ကတိပြုထားတဲ့အတိုင်း ဆင်းရဲ မွဲတေမှုလျှော့ပါးရေး အစီအစဉ်တွေမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ မတွေ့ရသေးဘူးလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ဒါပေမယ့် အခုလို နိုင်ငံတကာအဖွဲ့အစည်းကြီးတွေရဲ့ အကူအညီငွေကြေးတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှု သိပ်မရှိသေးတာကြောင့် လို့လည်း ပြောသူတွေ ရှိပါတယ်။ တဖက်မှာလည်း ဒီငွေကြေးတွေ ဝင်လာရင် ထိထိရောက်ရောက် မှန်မှန်ကန်ကန် အောက်ခြေ အစိုးရအဆင့်တွေမှာ ဘယ်လောက် သုံးစွဲသွားကြမလဲဆိုတာလည်း စိုးရိမ်ကြတဲ့ မေးခွန်းတရပ်ဖြစ်ပါတယ်။