သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အသေခံဗုံးကြောင့် Kabul မှာ လူ ၃၂ ဦး သေဆုံး


အသေခံဗုံးခွဲမှုဖြစ်ခဲ့တဲ့ Kabul မြို့တော်က ရှီရာဗလီ
အသေခံဗုံးခွဲမှုဖြစ်ခဲ့တဲ့ Kabul မြို့တော်က ရှီရာဗလီ

Afghanistan နိုင်ငံ Kabul မြို့တော်က Shi'ite ဗလီတခုမှာ အရပ်သား ၃၂ ယောက်ထက်မနည်းသေဆုံးပြီး ၈၀ ကျော်ဒဏ်ရာရခဲ့တဲ့ အသေခံဗုံးခွဲမှုကို သူတို့လုပ်တာလို့ IS စစ်သွေးကြွတွေက ပြောပါတယ်။

လူစည်ကားတဲ့ Baqir ul Olum ဗလီထဲမှာ ဘာသာရေးအခမ်းအနားတခုလုပ်နေစဉ် ဗုံးခွဲသူက ဝတ်ပြုနေသူတွေနားမှာ အသေခံဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ သေဆုံးသူအားလုံးဟာ အရပ်သားတွေဖြစ်ကြတယ်လို့ Kabul မြို့ မှုခင်းစုံစမ်းရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး Faridoon Obaidi ကပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းတို ထုတ်ပြန်ခဲ့ပါတယ်။ Afghan နိုင်ငံထဲက တိုင်းရင်းသားတွေကို သွေးခွဲဖို့ရန်သူ့ရဲ့လုပ်ရပ်လို့ သမ္မတ Ashraf Ghani ကပြောကြားပြီး ခွင့်မလွှတ်နိုင်တဲ့လုပ်ရပ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

IS အသေခံဗုံးကြောင့် Kabul မှာ လူ ၃၂ ဦး သေဆုံး
please wait

No media source currently available

0:00 0:00:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG