သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ဗလီဗံုး လူအေျမာက္အျမား ေသဆံုး


အာဖဂန္ ဗလီ ဗုံးေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရသူတဦး။ (ေအာက္တိုဘာ ၁၈၊ ၂၀၁၉)

အာဖဂန္နစၥတန္ႏုိင္ငံအေရွ႕ျခမ္း Nangarhar ျပည္နယ္က ဗလီမွာ ေသာၾကာေန႔ ဝတ္ျပဳဆုေတာင္းခ်ိန္အတြင္း ေဖာက္ခြဲတုိက္ခုိက္မႈေၾကာင့္ လူ ၆၉ ဦးမက ေသဆံုးသြားရၿပီး ဒီကေန႔မွာေတာ့ အပ်က္အစီးပံုေအာက္မွာ ႐ုပ္အေလာင္းေတြ ထပ္ၿပီးေတာ့ ရွာေတြ႔ဖို႔ ရဲတပ္ဖြဲ႔နဲ႔ ေဒသခံေတြ လုပ္ေဆာင္ေနၾကပါတယ္။

Haskamena ခ႐ုိင္ Jawdara ၿမိဳ႕နယ္က ဗလီထဲမွာ လာၿပီးေတာ့ ဗံုးေထာင္ထားတာ ျဖစ္ပါတယ္။ ေဖာက္ခြဲခ်ိန္မွာ ဗလီအျပည့္ ဝတ္ျပဳဆုေတာင္းသူ ၁၅၀ ေလာက္ ရွိတယ္လို႔ ျပည္နယ္ေကာင္စီ အဖြဲ႔ဝင္ Sohrab Qaderi က ေျပာပါတယ္။

ကေလးေတြ၊ သက္ႀကီးရြယ္အိုေတြ အပါအဝင္ အခုရထားတဲ့ ႐ုပ္အေလာင္း ၆၉ ေလာင္းကိုေတာ့ သက္ဆုိင္ရာ မိသားစုေတြဆီ ျပန္ေပးထားၿပီးပါၿပီ။ အၿပိဳအပ်က္ပံုေတြေအာက္မွာ ႐ုပ္အေလာင္းေတြ ထပ္ၿပီးေတာ့ ရွိေနႏုိင္ေသးတယ္လို႔ Mr. Qaderi က ေျပာပါတယ္။

ေသာၾကာေန႔ သတင္းေတြမွာေတာ့ ေသဆံုးသူ ၆၂ ဦးရွိၿပီး လူ ၅၀ ေလာက္ ဒဏ္ရာရတယ္လုိ႔ ေျပာပါတယ္။ ဒီတုိက္ခုိက္မႈကို ဘယ္သူကလုပ္တာလဲဆိုတာ တာဝန္ယူၿပီး ထုတ္ေဖာ္ေျပာၾကားလာတာမ်ဳိး မရွိေသးပါဘူး။ အစိုးရကေတာ့ တာလီဘန္သူပုန္ေတြကို စြပ္စြဲထားၿပီး တာလီဘန္အဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူကေတာ့ ဒီတုိက္ခုိက္မႈကို သူတို႔မလုပ္ဘူးလို႔ ျငင္းထားပါတယ္။

အခုလိုမ်ဳိး ေအးေအးခ်မ္းခ်မ္း စုေဝးၿပီး ဝတ္ျပဳဆုေတာင္းခ်ိန္မွာ တုိက္ခုိက္မႈလုပ္တာမ်ဳိးက ခြင့္လႊတ္ႏုိင္စရာ မရွိပါဘူး၊ အာဖဂန္ႏုိင္ငံသားေတြအေနနဲ႔ လံုၿခံဳေဘးကင္းစြာနဲ႔ ေနထုိင္အသက္ရွင္ခြင့္၊ ဝတ္ျပဳဆုေတာင္းခြင့္ ရွိကိုရွိရပါမယ္လို႔ အေမရိကန္သံအမတ္ႀကီး John R Bass က တြစ္တာ လူမႈကြန္ရက္မွာ ေရးထားပါတယ္။

ပါကစၥတန္နဲ႔ နယ္ခ်င္းထိစပ္ေနတဲ့ တုိက္ခုိက္မႈျဖစ္ပြားရာ နာဂါဟာျပည္နယ္ရဲ႕ တခ်ဳိ႕ေဒသေတြမွာ တာလီဘန္အဖြဲ႔ေတြနဲ႔ IS အစၥလာမၼစ္ စစ္ေသြးႂကြေတြ လႈပ္ရွားေနၾကတာ ျဖစ္ပါတယ္။

ဇူလိုင္လကစၿပီးေတာ့ စက္တင္ဘာအထိဆိုရင္ အာဖဂန္ႏုိင္ငံက စစ္ေရးပဋိပကၡေတြေၾကာင့္ လူေပါင္း ၄ ေထာင္ေက်ာ္ ေသဆံုးခဲ့ရၿပီးျဖစ္ေၾကာင္း ကုလသမဂၢကေျပာၿပီး ဒီတုိက္ခုိက္မႈက ေနာက္ဆံုးျဖစ္တဲ့ ေသြးထြက္သံယိုမႈ ျဖစ္ပါတယ္။

---------------------------------

(Unicode)

အာဖဂန်ဗလီဗုံး လူအမြောက်အမြား သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ခြမ်း Nangarhar ပြည်နယ်က ဗလီမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းချိန်အတွင်း ဖောက်ခွဲတိုက်ခိုက်မှုကြောင့် လူ ၆၉ ဦးမက သေဆုံးသွားရပြီး ဒီကနေ့မှာတော့ အပျက်အစီးပုံအောက်မှာ ရုပ်အလောင်းတွေ ထပ်ပြီးတော့ ရှာတွေ့ဖို့ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေ လုပ်ဆောင်နေကြပါတယ်။

Haskamena ခရိုင် Jawdara မြို့နယ်က ဗလီထဲမှာ လာပြီးတော့ ဗုံးထောင်ထားတာ ဖြစ်ပါတယ်။ ဖောက်ခွဲချိန်မှာ ဗလီအပြည့် ဝတ်ပြုဆုတောင်းသူ ၁၅၀ လောက် ရှိတယ်လို့ ပြည်နယ်ကောင်စီ အဖွဲ့ဝင် Sohrab Qaderi က ပြောပါတယ်။

ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် အခုရထားတဲ့ ရုပ်အလောင်း ၆၉ လောင်းကိုတော့ သက်ဆိုင်ရာ မိသားစုတွေဆီ ပြန်ပေးထားပြီးပါပြီ။ အပြိုအပျက်ပုံတွေအောက်မှာ ရုပ်အလောင်းတွေ ထပ်ပြီးတော့ ရှိနေနိုင်သေးတယ်လို့ Mr. Qaderi က ပြောပါတယ်။

သောကြာနေ့ သတင်းတွေမှာတော့ သေဆုံးသူ ၆၂ ဦးရှိပြီး လူ ၅၀ လောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူကလုပ်တာလဲဆိုတာ တာဝန်ယူပြီး ထုတ်ဖော်ပြောကြားလာတာမျိုး မရှိသေးပါဘူး။ အစိုးရကတော့ တာလီဘန်သူပုန်တွေကို စွပ်စွဲထားပြီး တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီတိုက်ခိုက်မှုကို သူတို့မလုပ်ဘူးလို့ ငြင်းထားပါတယ်။

အခုလိုမျိုး အေးအေးချမ်းချမ်း စုဝေးပြီး ဝတ်ပြုဆုတောင်းချိန်မှာ တိုက်ခိုက်မှုလုပ်တာမျိုးက ခွင့်လွှတ်နိုင်စရာ မရှိပါဘူး၊ အာဖဂန်နိုင်ငံသားတွေအနေနဲ့ လုံခြုံဘေးကင်းစွာနဲ့ နေထိုင်အသက်ရှင်ခွင့်၊ ဝတ်ပြုဆုတောင်းခွင့် ရှိကိုရှိရပါမယ်လို့ အမေရိကန်သံအမတ်ကြီး John R Bass က တွစ်တာ လူမှုကွန်ရက်မှာ ရေးထားပါတယ်။

ပါကစ္စတန်နဲ့ နယ်ချင်းထိစပ်နေတဲ့ တိုက်ခိုက်မှုဖြစ်ပွားရာ နာဂါဟာပြည်နယ်ရဲ့ တချို့ဒေသတွေမှာ တာလီဘန်အဖွဲ့တွေနဲ့ IS အစ္စလာမ္မစ် စစ်သွေးကြွတွေ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

ဇူလိုင်လကစပြီးတော့ စက်တင်ဘာအထိဆိုရင် အာဖဂန်နိုင်ငံက စစ်ရေးပဋိပက္ခတွေကြောင့် လူပေါင်း ၄ ထောင်ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း ကုလသမဂ္ဂကပြောပြီး ဒီတိုက်ခိုက်မှုက နောက်ဆုံးဖြစ်တဲ့ သွေးထွက်သံယိုမှု ဖြစ်ပါတယ်။

အာဖဂန္ဗလီဗံုး လူအေျမာက္အျမား ေသဆံုး
please wait

No media source currently available

0:00 0:01:43 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG