သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သွေးကြွ ၆၅ ဦး အာဖဂန်ပြန်လွှတ်


Parwan အကျဉ်းထောင်၊ Afghanistan ။
Parwan အကျဉ်းထောင်၊ Afghanistan ။
Afghanistan မှာ အမေရိကန်တို့ အရင်က ထိန်းချုပ်ခဲ့တဲ့ Bagram လေတပ် စခန်းနားက အကျဉ်းစခန်းမှာ စစ်သွေးကြွအဖြစ် စွပ်စွဲ ဖမ်းဆီးထားရတဲ့ အကျဉ်းသား ၆၅ ယောက်ကို Afghanistan က ပြန်လွှတ်ပေးလိုက်ပါတယ်၊ အမေရိကန်အစိုးရက အကြီးအကျယ် ဝေဖန်နေတဲ့ကြားက အခုလို ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်၊

Parwan အကျဉ်းစခန်းကနေ အကျဉ်းသားတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ Afghan တာဝန်ရှိသူတွေက အစောပိုင်းက ပြောပါတယ်၊ ပြန် လွှတ်ပေးဖို့ရှိတဲ့ အထဲမှာ အမေရိကန်နဲ့ Afghan တပ်တွေကို ပစ်မှတ်ထားတဲ့ ဖောက်ခွဲရေးမှာ ကျွမ်းကျင်သူ တာလီဘန်လို့ အမေရိကန်တို့ပြောတဲ့ Mohammad Wali ပါဝင်ပါတယ်၊

ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေရဲ့ အမှုကို Afghan အစိုးရက ပြန် သုံးသပ်ခဲ့ပြီး ပြန်လွှတ်လို့ ရသူတွေဖြစ်တယ်လို့ သမ္မတ Hamid Karzai က သီတင်းပါတ်တော်တော်ကြာကြာတုန်းက ကြေညာခဲ့အထဲက ပြန် မလွှတ်ဖို့ အမေရိကန်က ကန့်ကွက်ခဲ့ပါတယ်၊

အကျဉ်းစခန်းထဲက အခြေအနေဟာ ဖမ်းဆီးထားသူတွေကို သူတို့နိုင်ငံအပေါ် ဆန့်ကျင်ပြီး တာလီဘန်တွေအပေါ် သစ္စာခံတဲ့ အခြေအနေဖြစ်နေတယ်လို့ သမ္မတကာဇိုင်းက ပြောပါတယ်၊ အမေရိကန်ကတော့ ဖမ်းဆီးထားသူတွေကို Afghan တရားရုံးတွေမှာ အမှုစစ်ဆေးဖို့ လိုလားနေတာဖြစ်ပါတယ်၊
XS
SM
MD
LG