သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေကို ပါဝင်လုပ်ဆောင်ခွင့်ပေးဖို့ တာလီဘန်တွေကို ကုလတိုက်တွန်း


Kabul မြို့တာလီဘန်တပ်သားတဦးအနီးမှ ဖြတ်လေ ျှာက်သွားတဲ့ မိန်းကလေးတဦး၊ ဒီဇင်ဘာ ၂၆၊၂၀၂၂
Kabul မြို့တာလီဘန်တပ်သားတဦးအနီးမှ ဖြတ်လေ ျှာက်သွားတဲ့ မိန်းကလေးတဦး၊ ဒီဇင်ဘာ ၂၆၊၂၀၂၂

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေက အမျိုးသမီးနဲ့မိန်းကလေးတွေကို တက္ကသိုလ်တက်ခွင့်ပိတ်ပင်တာနဲ့ လူသားခြင်းစာနာမှု အထောက်အကူပေးတဲ့အဖွဲ့အစည်းတွေမှာအလုပ်လုပ်ကိုင်ခွင့်ပိတ်ပင်တာတွေကိုကုလသမဂ္ဂလုံခြုံရေး ကောင်စီကကန့်ကွက်ရှုတ်ချလိုက်ပြီး အမျိုးသမီးနဲ့မိန်းကလေးတွေကို တန်းတူညီမျှတဲ့ အဓိပ္ပါယ်ရှိတဲ့ပါဝင်လုပ်ဆောင်ခွင့် အပြည့်အဝပေးဖို့ အင်္ဂါနေ့မှာတိုက်တွန်းလိုက်ပါတယ်။

အာဖဂန်မှာအမျိုးသမီးနဲ့မိန်းကလေးတွေကို အထက်တန်းပညာသင်ခွင့်ပိတ်ပင်တာ၊ တက္ကသိုလ်တက်ခွင့်ပိတ်ပင်တာတွေဟာ လူ့အခွင့်အရေးနဲ့အခြေခံလွတ်လပ်ခွင့်တွေကိုလေးစာလိုက်နာမှုတစထက်တစ ယုတ်လျော့လာနေတာကိုဖေါ်ပြနေတယ်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက သဘောတူထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာပြောဆိုထားပါတယ်။

အမျိုးသမီးတွေကို တက္ကသိုလ်တက်ခွင့်ပိတ်ပင်တာကိုပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲတုန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အာဖဂန်ကိစ္စတွေ့ဆုံဆွေးနွေးတဲ့နေ့ မှာဘဲကြေညာခဲ့တာဖြစ်ပြီး၊ မိန်းကလေးတွေကို အထက်တန်းတက်ခွင့် ပိတ်ပင်တာကို တော့ပြီးခဲ့တဲ့ မတ်လထဲတုန်းကကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့စနေနေ့က လူသားခြင်းစာနာမှုလုပ်ငန်းတွေမှာအမျိုးသမီးတွေကိုအလုပ်လုပ်ကိုင်ခွင့်ပိတ်ပင်လိုက်တာဟာ ကုလသမဂ္ဂအပါအဝင် အာဖဂန်မှာလုပ်ကိုင်နေတဲ့ လူသားခြင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေကိုထိခိုက်စေတယ်လို့ ဆိုပါတယ်။ ဒီပိတ်ပင်တားမြစ်မှုတွေဟာ တာလီဘန်တွေက အာဖဂန်ပြည်သူတွေကိုပေးထားတဲ့ကတိတွေအပြင် နိုင်ငံတကာက မျှော်လင့်ထားတာတွေနဲ့ ဆန့်ကျင်ဘက်တွေဖြစ်တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode





XS
SM
MD
LG