သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလော်ရီဒါမုန်တိုင်းသင့်ဒေသ သမ္မတဘိုင်ဒန် လှည့်လည်စစ်ဆေး


သမ္မတ Joe Biden က ဟာရီကိန်း မီလ်တန်မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်၊ St. Pete Beach မြို့မှာ ဒေသခံအရာရှိတွေနဲ့အတူ စကားပြောစဥ်။ (အောက်တိုဘာ ၁၃၊ ၂၀၂၄)
သမ္မတ Joe Biden က ဟာရီကိန်း မီလ်တန်မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်၊ St. Pete Beach မြို့မှာ ဒေသခံအရာရှိတွေနဲ့အတူ စကားပြောစဥ်။ (အောက်တိုဘာ ၁၃၊ ၂၀၂၄)

ဖလော်ရီဒါပြည်နယ်က ဟာရီကိန်းမုန်တိုင်းဒဏ်ခံလိုက်ရတဲ့နေရာတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်န်က တနင်္ဂနွေနေ့မှာ လှည့်လည်ကြည့်ရှုခဲ့ပြီး မုန်တိုင်းနှစ်ခုဒဏ် ရှေ့ဆင့်နောက်ဆင့် ခံလိုက်ရတဲ့ဒေသတွေအတွက် ဖက်ဒရယ်အစိုးရက ဒေါ်လာသန်းပေါင်း ၆၁၂ သန်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။

အမေရိကန်မရိန်းတပ် အမှတ် (၁) ရဟတ်ယာဥ်နဲ့ သမ္မတဟာ ဖလော်ရီဒါ အနောက်ဘက်ကမ်းခြေမြို့ Tampa ကနေ St. Petersburg ဝေဟင်ကနေမုန်တိုင်းကြောင့် အပျက်အစီးတွေကို ကြည့်ရှုခဲ့သလို မြေပြင်မှာလည်း အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့အတူ မုန်တိုင်းဒဏ်သင့်ရပ်ကွက်တွေကို သွားရောက်ခဲ့ပါတယ်။ အိမ်အပျက်အစီးတွေထဲမှာ ကူညီပါ လို့ ရေးထားတဲ့စာကိုလည်း တွေ့ရှိရပါတယ်။ မုန်တိုင်းဒဏ်သင့်သူ ခန့်မှန်းခြေအားဖြင့် လူ ၃ သန်းအနက် ၂ သန်းက လျှပ်စစ်မီး ပြန်ရနေပြီလို့ ဘိုင်ဒန်ကပြောပါတယ်။

အမေရိကန် ပြည်နယ် ၄၃ ခု နဲ့ ကနေဒါနိုင်ငံကလျှပ်စစ်လုပ်သားတွေဟာ ဖလော်ရီဒါကိုလာရောက်ပြီး မီးပြန်ပေးနိုင်အောင် ဆောင်ရွက်နေကြပါတယ်။ မီလ်တန်မုန်တိုင်းဟာ ကနဦး ခန့်မှန်းထားသလောက် အပျက်အစီးမကြီးမားလှပေမဲ့ သုံးသပ်သူတွေကတော့ ဘီလီယံ ၃၀ ကနေ ၆၀ ကြား အဆုံးအရှုံးရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မုန်တိုင်းဝင်စဥ်အတွင်း လူ ၁၇ ယောက် သေဆုံးခဲ့ပြီး အများစု က လေဆင်နှာမောင်းကြောင့် ဖြစ်ပါတယ်။

Tampa Bay ဝန်းကျင် နဲ့ Orlando ရဲ့ အရှေ့မြောက်ပိုင်း Sanford နေရာတွေမှာ မြစ်ရေတက်လာ တာကြောင့် ရေလွှမ်းနိုင်သေးတယ်လို့ အမျိုးသား မိုးလေဝဿဌာနက ကြေညာထားပါတယ်။

ဖလော်ရီဒါမုန်တိုင်းသင့်ဒေသ သမ္မတဘိုင်ဒန် လှည့်လည်စစ်ဆေး
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG