သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်ပြည်ပြန်လာတဲ့ ရိုဟင်ဂျာတွေ အိုးအိမ်ထူထောင်ခွင့် စာနာမှုအဖွဲ့တွေ တောင်းဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ကလေးငယ်များ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ကလေးငယ်များ

ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ဘေးကင်းလုံခြုံပြီး ကိုယ့်ဆန္ဒနဲ့ကိုယ် မူရင်းနေရာတွေဆီ ပြန်နိုင်အောင်လုပ်ပေးဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေကို လူသားစာနာမှု အကူအညီပေးအဖွဲ့တွေက တိုက်တွန်းနေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့ ရဲ့လက်ရှိနေအိမ်တွေမှာ သူတို့ကိုယ်တိုင် ဘေးရန်ကင်းကင်းနဲ့ ထူထောင်ခွင့်မပြုဘူးဆိုရင် ရခိုင်ပြည်နယ်မှာ ပြန်လာတဲ့ ရိုဟင်ဂျာ တွေကိုထားမယ့် ဘယ်လို စခန်းအသစ်မျိုးကိုမဆို လက်ခံမှာမဟုတ်ဘူးလို့လဲ ပြောကြပါတယ်။

Care International, Save the Children, ဒတ်ချ် အစိုးရမဟုတ်တဲ့အဖွဲ့များ ညွန့်ပေါင်းအဖွဲ့နဲ့ Solidarities International စတဲ့ အဖွဲ့တွေရဲ့ သောကြာနေ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ အဲဒီလိုပြောထားတာပါ။ ဒုက္ခသည်တွေ ပြန်ပို့ရေး နှစ်လအတွင်း စတင်မယ် လို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ ကြေညာထားတဲ့အပေါ် စိုးရိမ်တဲ့အကြောင်းလဲ အဲဒီအဖွဲ့တွေက ပြောပါတယ်။

ဒုက္ခသည်တွေပြန်ပို့ရေး လုပ်ငန်းစဉ်ကို စတင်ဖို့ နှစ်နိုင်ငံစလုံးက အခိုင်အမာရှိတဲ့အပေါ် အကူအညီပေးအဖွဲ့တွေက အသိအမှတ် ပြုကြပေမဲ့လဲ အဲဒီလုပ်ငန်းကို နိုင်ငံတကာစံနှုန်းစံထားတွေနဲ့အညီ လုပ်ဖို့ တိုက်တွန်းထားသလို သူတို့ရဲ့ မူရင်းနေရာတွေဆီကို ကိုယ့်ဆန္ဒနဲ့ကိုယ် ပြန်နိုင်ရေးဆိုတဲ့ ဒုက္ခသည်တွေရဲ့ အခြေခံအခွင့်အရေးကို အလေးထားတဲ့အကြောင်း၊ ဒါပေမဲ့လဲ ပြန်ပို့ရေး လုပ်ငန်းမစတင်ခင်မှာ ပြန်သွားသူတွေရဲ့ အခွင့်အရေး၊ ဘေးကင်းလုံခြုံရေးနဲ့ အကာအကွယ်ရရေး အာမခံချက်ပေးဖို့ တိုက်တွန်း ကြောင်း ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

သြဂုတ်လကုန်ကတည်းကဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆၄၅,၀၀၀ လောက်ရှိပြီလို့ ကုလသမဂ္ဂက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG