သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသစ်တည်ထောင်မယ့် အာရှ အခြေခံအဆောက်အဦး ရင်းနှီးမြုပ်နှံမှုဘဏ်


AIIB ဘဏ်
AIIB ဘဏ်

ဒေါ်လာ ဘီလီယံပေါင်းများစွာနဲ့ တရုတ်နိုင်ငံက ဦးဆောင်ဖွဲ့စည်းမယ့် ဖွံ့ဖြိုးရေးဘဏ်အသစ်မှာ တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံ အဖြစ် လျှောက်ထားရမယ့် နောက်ဆုံးရက်ဟာ အခု မတ်လကုန်အဖြစ် တရုတ်နိုင်ငံက သတ်မှတ်လိုက်ပါတယ်။ သတ်မှတ်ထားတဲ့ရက်ပြည့်ဖို့ တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ အဖွဲ့ဝင်အဖြစ်လျှောက်ကြတဲ့ ဥရောပနဲ့ အာရှတိုက်က အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေလည်း စတထက် တစ များလာနေပါတယ်။ တရားဝင် မတည်ထောင်ရသေးတဲ့ ဒီဘဏ်ရဲ့ စံနှုန်းတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် အစောပိုင်းက စိုးရိမ် ပူပန်မှု ရှိနေတဲ့ အမေရိကန်နိုင်ငံကို၌က အခုချိန်မှာ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် ပြောလာနေပြီ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Bill Ide က ဘေဂျင်းမြို့ကနေ သတင်းပေးပို့ထားတာနဲ့အတူ အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG