သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလက်ပိုမြို့ ဆီးရီးယားအစိုးရတပ် ပြန်သိမ်း


အလက်ပိုမြို့ ဆီးရီးယားအစိုးရတပ် ပြန်သိမ်းမူကို အောင်ပွဲခံနေစဉ်
အလက်ပိုမြို့ ဆီးရီးယားအစိုးရတပ် ပြန်သိမ်းမူကို အောင်ပွဲခံနေစဉ်

ဆီးရီးယားနိုင်ငံက စစ်ဒဏ်သင့် Aleppo မြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း အစိုးရတပ်ဖွဲ့က ပြောဆိုလိုက်တဲ့အတွက် ၆ နှစ်နီးပါးကြာ ပြည်တွင်းစစ်မှာ အကြီးမားဆုံး အောင်ပွဲ ဖြစ်ခဲ့ပါတယ်။

အလက်ပိုမြို့မှာ လုံခြုံရေးနဲ့ တည်ငြိမ်မှုရအောင် ပြန်လည်ထိန်းသိမ်းနိုင်လိုက်တာဟာ မဟာဗျူဟာကျတဲ့ အောင်ပွဲဖြစ်သလို၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ အရေးကြီးတဲ့ အပြောင်းအလဲတခု၊ အကြမ်းဖက်သမားတွေရဲ့ စီမံကိန်းတွေနဲ့ ထောက်ခံသူတွေအတွက် ထိုးနှက်ချက်တရပ် ဖြစ်တဲ့အကြောင်း ဆီးရီးယားစစ်တပ် ကြည်းတပ်ကွပ်ကဲရေးဌာနချုပ်က အစိုးရပိုင် SANA သတင်းဌာနကနေ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းစစ်မဖြစ်ခင် တိုင်းပြည်မှာ လူဦးရေ အများဆုံး မြို့ဖြစ်တဲ့ Aleppo မြို့ကိုတော့ ၂၀၁၂ ခုနှစ်ကစလို့ ပထမဆုံးအကြိမ်အဖြစ်၊ ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရက အပြည့်အ၀ ထိန်းချုပ်လိုက်တာပါ။ အစိုးရတပ်တွေရဲ့ တလကြာထိုးစစ်ကြောင့် နယ်မြေ ၉၀% လောက် ဆုံးရှုံးခဲ့ပြီးနောက် အတိုက်အခံသူပုန်တွေက မြို့ကနေ ဆုတ်ခွာပေးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

သီတင်းတပတ်ကြာ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေတဲ့ အစီအစဉ် နောက်ဆုံးအခေါက်ဖြစ်တဲ့ အရပ်သားတွေရဲ့ နောက်ဆုံးယာဉ်တန်း မြို့ကနေ ထွက်ခွာသွားပြီဆိုတဲ့ သတင်းတွေ ထွက်လာပြီး နာရီပိုင်းအကြာမှာပဲ အစိုးရတပ်တွေက Aleppo မြို့ကို အပြည့်အ၀ သိမ်းယူနိုင်တဲ့ ကြေညာချက် ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆီးရီးယားနိုင်ငံတွင်းက တချို့ဒေသတွေမှာ အကြမ်းဖက်မှုတွေ ကြီးထွားလာနေတဲ့ သတင်းတွေနဲ့ Aleppo မြို့ကနေ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ကြသူတွေရဲ့ ကံကြမ္မာကို ထောက်ပြပြီး အမေရိကန် ပြည်ထောင်စုကတော့ အစိုးရရဲ့အောင်ပွဲအပေါ် စိုးရိမ်နေဆဲဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG