သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Aleppo မှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ထုတ်


Aleppo မှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ထုတ်
Aleppo မှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ထုတ်

ဆီးရီးယားနိုင်ငံ၊ အာလက်ပိုမြို့မှာ သူပုန်တွေထိန်းချုပ်ထားတဲ့ နောက်ဆုံးကျန်နေသေးတဲ့ ဒေသတွေနဲ့ သူပုန်တွေဝိုင်းထားတဲ့ ကျေးရွာနှစ်ရွာက လူတွေကို ဒီကနေ့ ကယ်ထုတ်ပေးခဲ့ပါတယ်။

ကယ်ထုတ်လိုက်သူတွေပါလာတဲ့ ဘတ်စ်ကား အစီး ၂၀ လောက်ဟာ အာလက်ပိုမြို့အရှေ့ပိုင်းကနေ အတိုက်အခံတွေ ထိန်းချုပ် ထားတဲ့ဒေသတွေဆီ ထွက်သွားပါတယ်။ အခုလို ရွှေ့ပြောင်းကယ်ထုတ်တဲ့ လုပ်ငန်းကို ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက စလုပ်နေ တာပါ။

၂၀၁၂ ခုနှစ်ကတည်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ အာလက်ပိုမြို့အရှေ့ပိုင်းမှာ လူ ထောင်ပေါင်းများစွာ ကျန်နေပါသေးတယ်။ အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် သူပုန်တွေဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးနီးပါးကို လက်လွှတ်လိုက်ရပြီးပါပြီ။

အာလက်ပိုမြို့ကနေ လူတွေကို ရွှေ့ပြောင်းကယ်ထုတ်ပေးတဲ့ အစီအစဉ်အတွက် အပြန်အလှန်အနေနဲ့ အနောက်မြောက်ပိုင်း Idlib ပြည်နယ်၊ Foua နဲ့ Kefraya ရွာတွေကနေ ဖျားနာနေသူတွေနဲ့ ဒဏ်ရာရထားသူ အရပ်သား ထောင်ပေါင်းများစွာကို ထွက်ခွင့်ပြုဖို့ အစိုးရက တောင်းဆိုထားပါတယ်။

အဲဒီရွာတွေကနေ ဒီကနေ့ လူူတွေကိုသယ်ပြီး ဘတ်စ်ကားတွေ ထွက်သွားတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။ Foua နဲ့ Kefraya မြို့တွေကိုသွားတဲ့ ဘတ်စ်ကားတွေကို အယ်လ် ကိုင်းဒါးမဟာမိတ် သူပုန်တွေက တနင်္ဂနွေနေ့မှာ တိုက်ခိုက်ပြီး မီးရှို့ပစ်တာကြောင့် လူသားချင်းအကူအညီပေးရေး ဆီးရီးယား ဆိုင်ရာ ကုလသမဂ္ဂအကြံပေး Jan Egeland က အပြင်းအထန် ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG