သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Aleppo မြို့တွင်းက အရပ်သားများကယ်ထုတ်ရေးအစီအစဉ် စတင်


Aleppo မြို့တွင်းက အရပ်သားများကယ်ထုတ်ရေးအစီအစဉ် စတင်
Aleppo မြို့တွင်းက အရပ်သားများကယ်ထုတ်ရေးအစီအစဉ် စတင်

ဆီးရီးယားနိုင်ငံ၊ အာလက်ပိုမြို့က သူပုန်တွေထိန်းချုပ်ထားဆဲ နောက်ဆုံးကျန်နေတဲ့ဒေသတွေကနေ အရပ်သားတွေနဲ့ သူပုန် တွေကို ရွှေ့ထုတ်ပေးမယ့်အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ အစိမ်းရောင် အစိုးရဘတ်စ်ကား တွေ ဒီကနေ့ ဝင်သွားကြပါပြီ။

ပြင်းထန်တဲ့ဒဏ်ရာရထားသူတချို့အပါအဝင် ဒဏ်ရာရသူ ၂၀၀ လောက်ကို ကယ်ထုတ်ပေးမယ့်အစီအစဉ်မှာ ပါဝင်လုပ်ဆောင် နေတယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC နဲ့ ဆီးရီးယား အာရပ်ဘ် လခြမ်းနီအဖွဲ့တို့က ပြောပါတယ်။

အာလက်ပိုအရှေ့ပိုင်းကနေ ရွှေ့ထုတ်ဖို့ နောက်ဆုံးအကြိမ် အောင်အောင်မြင်မြင် ကြိုးပမ်းမှု စတင်တာကို မြင်တွေ့ချင်တဲ့ အကြောင်း လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂသံတမန် Jan Egeland က သတင်းထောက်တွေကို ပြောပါတယ်။ အာလက်ပို ကို ၂၀၁၂ ခုနှစ်ကတည်းက အတိုက်အခံတွေ သိမ်းထားတာပါ။ မြို့ကနေ ရွှေ့ထုတ်ပေးမယ့် လူတွေထဲမှာ ဒဏ်ရာရသူတွေနဲ့ ဖျားနာနေသူတွေ၊ တခြား အကာအကွယ်မဲ့ အရပ်သားတွေနဲ့ သူပုန်တွေပါတယ်လို့ မစ္စတာ Egeland ကပြောပါတယ်။ အဲဒီလူ အများစုကို Idlib မြို့ကို ပို့ပေးမှာဖြစ်ပြီး တခြားလူတွေကတော့ တူရကီနိုင်ငံကိုသွားဖို့ ရွေးချယ်ဖွယ်ရှိပါတယ်။

ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက သဘောတူညီချက်ရပြီးတဲ့နောက် အခု ရွှေ့ထုတ်ပေးတဲ့အစီအစဉ် ဖြစ်လာတာပါ။ ဒါပေမဲ့လည်း ဗုဒ္ဓဟူး နေ့အစောပိုင်းမှာ ရွှေ့ထုတ်ပေးဖို့အစီအစဉ် အဆင်မပြေဖြစ်ခဲ့ပြီး အပစ်ရပ်သဘောတူချက်လည်း ပျက်သွားပြီးတဲ့နောက် ဖြစ်ဖို့ အလားအလာ မသေချာဘဲရှိခဲ့ပါတယ်။ ဒီကနေ့ အစောပိုင်းမှာ တိုက်ပွဲတွေ ထပ်ဖြစ်နေတုန်းပဲလို့ တက်ကြွလှုပ်ရှားသူတွေနဲ့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။

Aleppo မြို့တွင်းက အရပ်သားများကယ်ထုတ်ရေးအစီအစဉ် စတင်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG