သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရနဲ့ သူပုန်ကြား ယာယီအပစ်ရပ် သဘောတူညီမှုရ


Aleppo ဒေသခံများ
Aleppo ဒေသခံများ

ဆီရီးယားနိုင်ငံ Aleppo မြို့အရှေ့ပိုင်းက အရပ်သားတွေနဲ့ အစိုးရကို ဆန့်ကျင် တိုက်နေသူတွေ ဘေးလွတ်ရာသွားနိုင်ခွင့်ပြုဖို့ သူပုန်တွေနဲ့ ဆီးရီးယား အစိုးရကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။ သမ္မတ Assad ရဲ့တပ်တွေဖက်က မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်မှု အဆုံးသပ်လိုက်ပြီလို့ ရုရှားကလည်းပြော ကြားခဲ့ပါတယ်။

ရုရှားနဲ့ တူရကီနိုင်ငံတို့ ကြားဝင်စေ့စပ်ပေးတဲ့ သဘောတူညီမှုဟာ နာရီပိုင်းအတွင်း မှာပဲ အသက်ဝင် မှာဖြစ်တယ်လို့ Nour el-Din el-Zinki သူပုန် အဖွဲ့ပြောခွင့်ရသူ Yasser al-Youssef က အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေ ရဲ့ တောင်းဆိုမှုအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် ဆွေးနွေးပွဲ မကျင်း ပခင် ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ် Vitaly Churkin ကလည်း သဘောတူညီ မှုရရှိတဲ့ကြောင်း သတင်းထောက်တွေကို အတည်ပြုပါတယ်။

Aleppo အရှေ့ပိုင်းကနေ ထွက်ခွာနေကြတဲ့ တိုက်ခိုက်ရေးသမား အများစုဟာ Idlib မြို့ဆီကို သွားနေကြတယ်လို့ သူကပြောပါတယ်။ Idlib မြို့အပေါ် ဆီးရီးယား အစိုးရ တပ်တွေက ပစ်မှတ်ထား ထိုးစစ်ဆင်လာမှာကို စိုးရိမ်တယ်လို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Staffan de Mistura ကပြောကြား ခဲ့ပေမယ့် အခု သဘော တူညီမှုကနေ ဆွေးနွေးရေး စားပွဲဝိုင်း ဆီရောက်အောင် အပြောင်းအလဲဖြစ် လာနိုင်တယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

သူပုန်တွေ လက်ကနေ ပြန်ရအောင် အကြီးအကျယ် တိုက်ခိုက်ရတဲ့ Aleppo မြို့ ရပ်ကွက် ၄ ခုမှာ ဆီးရီးယားအစိုးရ လိုလားတဲ့တပ်ဖွဲ့တွေက အရပ်သား ၈၂ ယောက် ထက်မနည်းကို သတ်ဖြတ် ခဲ့တယ်ဆိုတဲ့ သတင်းတွေရကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့က ပြောကြားခဲ့ပြီးနောက် ခုလို အပြစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ဆီးရီးယားအစိုးရနဲ့ သူပုန်ကြား ယာယီအပစ်ရပ် သဘောတူညီမှုရ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG