သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရတပ် အလက်ပို ထိုးစစ်ဆင်မှု အရပ်သား ၆၅ ဦးသေဆုံး


အလက်ပို လေကြောင်းထိုးစစ်ဆင်လို့ ကလေးငယ်အပါအဝင် အရပ်သားတွေ သေဆုံး။
အလက်ပို လေကြောင်းထိုးစစ်ဆင်လို့ ကလေးငယ်အပါအဝင် အရပ်သားတွေ သေဆုံး။

ဆီးရီးယားအစိုးရတပ်ဖွဲ့က လေကြောင်းကနေရော လက်နက်ကြီးတွေပါသုံးပြီး သူပုန်တွေထိန်းချုပ်ထားတဲ့ Aleppo မြို့ကို ဒီကနေ့မနက်အစောပိုင်းက တိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် လူအတော် များများ သေဆုံးခဲ့ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအတွက် တလကြာ တိုက်ခိုက်မှုတွေကို ရပ်စဲထားမှုအဆုံးသတ်ပြီလို့ ရုရှားကနေ ကြေညာအပြီးမှာ ဆီးရီးယား အစိုးရတပ်တွေဟာ အင်္ဂါနေ့ကစလို့ ဒီကနေ့အထိ လေးရက်မြောက်ဆက်တိုက် တိုက်ခိုက်နေတာပါ။

တိုက်ပွဲတွေ ပြန်စတင်ချိန်ကစလို့ အရပ်သား ၆၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ သူပုန်တွေဘက်ကလည်း အစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွင်းနေရာတွေကို ရော့ကတ်ဒုံးကျည် တဒါဇင်ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ အဲဒီအဖွဲ့ကပြောပါတယ်။

အပစ်အခတ်ရပ်စဲမှုအဆုံးသတ်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ ပစ်ခတ်တိုက်ခိုက်ရတာပါလို့ ရုရှားကပြောဆိုထားပြီး သူပုန်တွေထိန်းချုပ်ထားတဲ့ လူပေါင်း ၂ သိန်းခွဲလောက်နေထိုင်တဲ့ Idlib နဲ့ Homs အလယ်ပိုင်းဒေသတွေကို ဆီးရီးယားအစိုးရတပ်တွေက တိုက်ခိုက်နေတာပါ။

Aleppoမြို့ အရှေ့ပိုင်းက သူပုန်တွေကို အစိုးရတပ်တွေက လွန်ခဲ့ဇူလိုင်လကတည်းက ဝိုင်းထားတာဖြစ်ပြီး အဲဒီနေရာမှာ စားနပ်ရိက္ခာ ရှားပါးလာပြီလို့ ကယ်ဆယ်ရေး အေဂျင်စီတွေကပြောပါတယ်။ စီးပွါးရေးနဲ့ စက်မှုပိုင်းဆိုင်ရာမှာ တချိန်က အချက်အခြာကျခဲ့တဲ့ Aleppo မြို့ဟာ ၂၀၁၂ ခုနှစ် သူပုန်တွေနဲ့ စတင်တိုက်ခိုက်ချိန်ကစလို့လူအများအပြား စွန့်ခွါထွက်ပြေးခဲ့ကြပေမယ့် အစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့နေရာမှာတော့ အရပ်သား ၁.၂ သန်းလောက်နေထိုင်နေ ဆဲဖြစ်ပြီး အဲဒီနေရာကို သူပုန်တွေက ရော့ကတ်ဒုံးကျည်တွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခတ်လေ့ရှိပါတယ်။

ဆီးရီးယားအစိုးရတပ် အလက်ပို ထိုးစစ်ဆင်မှု အရပ်သား ၆၅ ဦးသေဆုံး
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG