သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အလက်ပိုမှာ ၁၀နာရီ အပစ်ရပ်ဖို့ ရုရှား ကြေညာ


 ဆီးရီးယား အလက်ပိုမြို့က ထွက်ခွာနေကြစဉ်။ (အောက်တိုဘာ ၃၀၊ ၂၀၁၆)
ဆီးရီးယား အလက်ပိုမြို့က ထွက်ခွာနေကြစဉ်။ (အောက်တိုဘာ ၃၀၊ ၂၀၁၆)

ဆီးရီးယားနိုင်ငံအလယ်ပိုမြို့မှာ ရုရှားနိုင်ငံက ၁၀ နာရီကြာ အပစ်ရပ်ဖို့ ဒီကနေ့ သောကြာနေ့မှာ ကြေညာလိုက်တဲ့အတွက်၊ သူပုန်တွေနဲ့ အရပ်သားတွေ အလက်ပိုမြို့တွင်းကနေ ထွက်ခွာနိုင်မှာဖြစ်ပါတယ်။ အခုသီတင်းပတ်အစောပိုင်းက သဘောတူခဲ့တဲ့ တရားဝင်အပစ်အခတ်ရပ်စဲဖို့သဘောတူညီချက်ဟာ အဓိပ္ပါယ်မရှိလူတွေသေဆုံးနေတာကို ရှောင်နိုင်ဖို့အတွက် ရည်ရွယ်တယ်လို့ ရုရှားအစိုးရအဖွဲ့တာဝန်ခံအရာရှိချုပ် Valery Gerasimov က ပြောပါတယ်။ ဒီလိုအပစ်အခတ်ရပ်စဲဖို့ ကိစ္စကို ဆီးရီးယားအာဏာပိုင်တွေကလည်း သဘောတူတယ်လို့ ပြောပါတယ်။

သူပုန်တွေကို မြို့တွင်းကနေ လမ်းကြောင်း ၂ ခုကနေပြီး ထွက်ခွာခွင့်ပြုမှာဖြစ်ပြီး၊ တခုက တူရကီနယ်စပ်ကို သွားတဲ့လမ်းကြောင်းဖြစ်ပြီး၊ နောက်တခုကတော့ Idlib မြို့ကိုသွားတဲ့လမ်းကြောင်းဖြစ်တယ်လို့ သူကပြောပါတယ်။သူပုန်တွေအနေနဲ့ သူတို့ရဲ့ လက်နက်တွေကို ချဖို့မလိုအပ်ဘူးလို့ ပြောပါတယ်။

အရပ်သားတွေအနေနဲ့ အလယ်ပိုမြို့ကနေ ထွက်ခွာချင်တယ်ဆိုရင်တော့ သူတို့အနေနဲ့ နောက်ထပ် လမ်းကြောင်း ၆ ခုကနေ ထွက်ခွာနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အလယ်ပိုမြို့က သူပုန်တွေကတော့ ရုရှားရဲ့ ကမ်းလှမ်းချက်ကို လက်မခံပဲ ပယ်ချလိုက်ပြီး၊ အခုလို အပစ်ရပ်ဖို့လုပ်တာ လူထုဆီကနေ နာမည်ကောင်းရအောင် မီဒီယာကနေတဆင့် သက်သက် စတန့်ထွင်တာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ရုရှား နဲ့ ဆီးရီးယားအစိုးရတွေက အရင်ကလည်း ဒီလိုမျိုး လူသားချင်းစာနာတဲ့အနေနဲ့ အပစ်အခတ်ရပ်စဲတာတွေလုပ်ခဲ့ပေမယ့်၊ အများအားဖြင့်တော့ အောင်မြင်မှုမရဘူးလို့ ဆိုပါတယ်။

ဆီးရီးယား အလက်ပိုမှာ ၁၀နာရီ အပစ်ရပ်ဖို့ ရုရှား ကြေညာ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG