သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုဆန္ဒပြမှုကြောင့် ၈၂ နှစ် အရွယ် Algeria သမ္မတ နုတ်ထွက် 


အယ်လ်ဂျီးရီးယား သမ္မတ Abdelaziz Bouteflika ရဲ့ ရုပ်ပုံကို ဆန္ဒပြသူများက ဖြုတ်ချနေစဉ်
အယ်လ်ဂျီးရီးယား သမ္မတ Abdelaziz Bouteflika ရဲ့ ရုပ်ပုံကို ဆန္ဒပြသူများက ဖြုတ်ချနေစဉ်

အယ်လ်ဂျီးရီးယား သမ္မတ Abdelaziz Bouteflika ဟာ ရာထူးကနေနုတ်ထွက်သွားပြီလို့ အစိုးရသတင်းဌာန APS မှာ အင်္ဂါနေ့က ဖေါ်ပြထားပါတယ်။ အစိုးရအပြောင်းအလဲလုပ်ဖို့ အယ်လ်ဂျီးရီးယားနိုင်ငံတဝှမ်း သီတင်း ၆ ပတ်ကြာ ဆန္ဒပြမှုတွေ နောက်ပိုင်း ကာလတာရှည် သမ္မတတာဝန်ယူ ထားတဲ့ Bouteflika ကို အချိန်ထပ်မဖြုန်းပဲ ချက်ချင်းနုတ်ထွက်ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပြီး သိပ်မကြာခင်မှာပဲ အခုလို နူတ်ထွက်ကြောင်း ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။

အသက် ၈၂ နှစ်အရွယ် ဘီးတပ်ကုလားထိုင်ကို အသုံးပြုနေရတဲ့ သမ္မတက ပဉ္စမမြောက် သမ္မတသက်တမ်း အတွက် အရွေးခံမယ်လို့ ဖေဖေါ်ဝါရီလထဲ သတင်းထွက်ပေါ်လာတဲ့နောက်ပိုင်း အယ်လ်ဂျီးရီးယား လမ်းမတွေပေါ်မှာ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတနုတ်ထွက်ကြောင်း ကြေညာခဲ့တဲ့နောက်ရာနဲ့ချီတဲ့ အယ်လ်ဂျီးရီးယားပြည်သူတွေဟာ အောင်ပွဲခံဖို့ မြို့တော် Algiers ရဲ့ ဗဟိုစာတိုက်ကြီးမှာ အင်္ဂါနေ့ ညနေပိုင်းက စုဝေးခဲ့ကြပါတယ်။ အခု အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ အနာဂတ်ဟာ သူ့ပြည်သူတွေ ပေါ်မှာမူတည်နေပြီလို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။ အယ်လ်ဂျီးရီးယား နိုင်ငံမှာ ဘယ်လိုအသွင်ကူးပြောင်းမယ် ဆိုတာကို အယ်လ်ဂျီးရီးယားပြည်သူတွေ ဆုံးဖြတ်ကြ ဖို့ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Robert Palladino က သတင်းထောက်တွေကို ပြောပါတယ်။

Bouteflika နုတ်ထွက်မှုကို တရားဝင်ဆောင်ရွက်ဖို့ အယ်လ်ဂျီးရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကောင်စီက ဗုဒ္ဓဟူးနေ့မှာ လုပ်ဆောင်မယ်လို့ ခန့်မှန်းရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ နုတ်ထွက်ပြီးတာနဲ့ အထက်လွှတ်တော် ဥက္ကဌက ယာယီသမ္မတအဖြစ် ရက်ပေါင်း ၉၀ အများဆုံး ဆောင်ရွက်ရမှာ ဖြစ်ပြီး သူက နောက်ထပ်ရွေးကောက်ပွဲတွေအတွက် အစီအစဉ်တွေ လုပ်ပေးရမှာ ဖြစ်ပါတယ်။

လူထုဆန္ဒပြမှုကြောင့် ၈၂ နှစ် အရွယ် Algeria သမ္မတ နုတ်ထွက်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG