(Zawgyi/Unicode)
ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၀ ကို စေနေန႔က ကစားၾကတဲ့ အသင္းေတြထဲမွာ လက္စတာ စီးတီး၊ မန္စီးတီး၊ ခ်ယ္လ္ဆီးနဲ႔ ဘ႐ိုက္တန္ တို႔ အသီးသီးအႏုိင္ရၾကပါတယ္။
လက္စတာစီးတီးက အေဝးကြင္းမွာ ေဆာက္သမ္ပ္တန္ကို ၉ ဂိုးျပတ္နဲ႔ အႏုိင္ရၿပီး မန္စီးတီးက အိမ္ကြင္းမွာ အက္စ္တြန္ ဗီလာကို ၃ ဂိုးျပတ္နဲ႔ အႏုိင္ရပါတယ္။ ခ်ယ္လ္ဆီးကေတာ့ အေဝးကြင္းမွာ ဘန္ေလကို ၄ ဂိုး ၂ ဂိုးနဲ႔ အႏုိင္ရၿပီး ဘ႐ိုက္တန္က အဲဗာတန္ကို အိမ္ကြင္းမွာ ၃ ဂိုး ၂ ဂိုးနဲ႔ အႏုိင္ရပါတယ္။
ဝတ္တ္ဖို႔ဒ္က အိမ္ကြင္းမွာ ဘုန္းေမာက္သ္နဲ႔ ဂိုးမရွိသေရက်ၿပီး ဝက္စ္ဟမ္းမ္ကလည္း အိမ္ကြင္းမွာ ရွက္ဖီးလ္ဒ္ ယူႏိုက္တက္နဲ႔ ၁ ဂိုးစီ သေရက်ပါတယ္။
ပြဲစဥ္ ၁၀ ကို တနဂၤေႏြေန႔မွာ ကစားၾကရမွာကေတာ့ နယူးကက္ဆယ္လ္နဲ႔ ဝို႔လ္ဗ္္စ္၊ အာဆင္နယ္လ္နဲ႔ ခရစၥတယ္လ္ ပဲေလ့စ္၊ လီဗာပူးလ္နဲ႔ ေတာ္တမ္ဟန္၊ ေနာ္ဝစ္ စီးတီးနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္တို႔ျဖစ္ပါတယ္။
အခုခ်ိန္ထိ ကစားၿပီးသမွ်မွာေတာ့ လီဗာပူးလ္က ၉ ပြဲကစား ၂၅ မွတ္နဲ႔ အမွတ္ေပးဇယား ထိပ္ဆံုးမွာ ဆက္ရွိေနၿပီး မန္စီးတီးက ၁၀ ပြဲကစား ၂၂ မွတ္နဲ႔ ဒုတိယလိုက္ေနပါတယ္။ လက္စတာစီးတီးနဲ႔ ခ်ယ္လ္ဆီးတို႔လည္း ၁၀ ပြဲစီကစားၿပီးခ်ိန္မွာ အမွတ္ ၂၀ စီ ရထားေပ မယ့္ ဂိုးကြာျခားခ်က္နဲ႔ လက္စတာစီးတီးက တတိယ၊ ခ်ယ္လ္ဆီးက စတုတၳ၊ အာဆင္နယ္လ္က ၉ ပြဲကစားၿပီးခ်ိန္မွာ ၁၅ မွတ္နဲ႔ အဆင့္ ၅ ေနရာမွာ အသီးသီးရွိေန ၾကပါတယ္။
---------------------------------------
(Unicode)
ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ကို စနေနေ့က ကစားကြတဲ့ အသင်းတွေထဲမှာ လက်စတာစီးတီး၊ မန်စီးတီး၊ ချယ်လ်ဆီးနဲ့ ဘရိုက်တန် တို့ အသီးသီးအနိုင်ရကြပါတယ်။
လက်စတာစီးတီးက အဝေးကွင်းမှာ ဆောက်သမ်ပ်တန်ကို ၉ ဂိုးပြတ်နဲ့ အနိုင်ရပြီး မန်စီးတီးက အိမ်ကွင်းမှာ အက်စ်တွန် ဗီလာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပါတယ်။ ချယ်လ်ဆီးကတော့ အဝေးကွင်းမှာ ဘန်လေကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဘရိုက်တန်က အဲဗာတန်ကို အိမ်ကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပါတယ်။
ဝတ်တ်ဖို့ဒ်က အိမ်ကွင်းမှာ ဘုန်းမောက်သ်နဲ့ ဂိုးမရှိသရေကျပြီး ဝက်စ်ဟမ်းမ်ကလည်း အိမ်ကွင်းမှာ ရှက်ဖီးလ်ဒ် ယူနိုက်တက်နဲ့ ၁ ဂိုးစီ သရေကျပါတယ်။
ပွဲစဉ် ၁၀ ကို တနင်္ဂနွေနေ့မှာ ကစားကြရမှာကတော့ နယူးကက်ဆယ်လ်နဲ့ ဝို့လ်ဗ််စ်၊ အာဆင်နယ်လ်နဲ့ ခရစ္စတယ်လ် ပဲလေ့စ်၊ လီဗာပူးလ်နဲ့ တော်တမ်ဟန်၊ နော်ဝစ် စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဖြစ်ပါတယ်။
အခုချိန်ထိ ကစားပြီးသမျှမှာတော့ လီဗာပူးလ်က ၉ ပွဲကစား ၂၅ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်ရှိနေပြီး မန်စီးတီးက ၁၀ ပွဲကစား ၂၂ မှတ်နဲ့ ဒုတိယလိုက်နေပါတယ်။ လက်စတာစီးတီးနဲ့ ချယ်လ်ဆီးတို့လည်း ၁၀ ပွဲစီကစားပြီးချိန်မှာ အမှတ် ၂၀ စီ ရထားပေမယ့် ဂိုးကွာခြားချက်နဲ့ လက်စတာစီးတီးက တတိယ၊ ချယ်လ်ဆီးက စတုတ္ထ၊ အာဆင်နယ်လ်က ၉ ပွဲကစားပြီးချိန်မှာ ၁၅ မှတ်နဲ့ အဆင့် ၅ နေရာမှာ အသီးသီးရှိနေကြပါတယ်။