ရုရှားနိုင်ငံမှာ အခု ဖေဖော်ဝါရီလအတွင်း မူးယစ်မှောင်ခိုမှု စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် နိုင်ငံသားတဦး ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ရုရှားမီဒီယာနဲ့ အမေရိကန် တာဝန်ရှိသူ တဦးတို့က ပြောပါတယ်။
အမေရိကန်နဲ့ ရုရှားတို့ ဆော်ဒီအာရေဗျမှာ ဆွေးနွေးကြဖို့ ရှိနေချိန်မှာပဲ ရုရှားတို့ဖမ်းထားတဲ့ အမေရိကန်တဦး လွတ်မြောက်လာတာပါ။ အသက် ၂၈ နှစ်အရွယ် အမေရိကန်နိုင်ငံသား Kalob Byers ကို ရုရှားနိုင်ငံ မော်စကိုမြို့တော်က Vnukovo လေဆိပ်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ရုရှား အာဏာပိုင်တို့က ဖမ်းဆီးခဲ့တာပါ။
သူ့ရဲ့အိတ်ထဲမှာ ဆေးခြောက်ပါတဲ့ ယို တွေ့ခဲ့တယ်လို့ ရုရှား အကောက်ခွန်အရာရှိတွေက စွပ်စွဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား Kalob Byers ဟာ ထောင်က လွတ်လာပြီးနောက် နေရပ်ကို ပြန်ဖို့အတွက် မော်စကိုမှာရှိတဲ့ အမေရိကန်သံရုံးမှာ စောင့်ဆိုင်းနေကြောင်း သူ့ရဲ့ မိဘ ဖြစ်သူတွေက လူမှုကွန်ရက် Facebook မှာ တင်ထားတာကို ကိုးကားပြီး လွတ်လပ်တဲ့ ရုရှား သတင်းဌာန Meduza က တနင်္လာနေ့မှာ ဖော်ပြခဲ့တာပါ။
တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ Byers ကို လွှတ်လိုက်တာဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတဦးကလည်း AP သတင်းအေဂျင်စီကို အတည်ပြုပါတယ်။ ဒါပေမဲ့ အမှားမခံတဲ့ အကြောင်းအရာတွေကို ပြောဆိုခွင့်မရှိတာကြောင့် အဲဒီအရာရှိက အမည်မဖော်ပါဘူး။
Forum