သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးတိုးရောဂါ သွေးပေါင်ကန့်သတ်ချက်ပြင်ဆင်


အမေရိကန် နှလုံးရောဂါဆိုင်ရာ ဆေးပညာအဖွဲ့နဲ့ အမေရိကန် နှလုံးကုသမှု ဆိုင်ရာကောလိပ် တို့က ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သွေးတိုးရောဂါဖြစ်ပွားမှု သတ်မှတ်တဲ့ အဆင့်ကို ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။

အရင်က သွေးတိုးရောဂါဖြစ်ပွားတယ် ဆိုတဲ့ အဆင့်သတ်မှတ်ချက်ဟာ အောက်သွေး ၉၀ အပေါ်သွေး ၁၄၀ သပ်မှတ် ထားရှိရာကနေ အောက်သွေး ၈၀ အပေါ်သွေး ၁၃၀ ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက် အသစ်တွေအရ ၂၀၀၃ ခုနှစ် က အမေရိကန်ပြည်ထောင်စုရဲ့ သွေးတိုးရောဂါနဲ့ ကုသရေး လမ်းညွှန်ချက်ပါ သတ်မှတ်ချက် ကိန်း ဂဏန်းကို ပထမဆုံးအကြိမ် ပြောင်းလဲ သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။

အခုလိုပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် သွေးတိုးရောဂါကို စောစီးစွာကြိုတင် သိရှိနိုင်ပြီး ကြိုတင်ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။

သွေးတိုးရောဂါသွေးပေါင်ကန့်သတ်ချက်ပြင်ဆင်
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG