သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဗုံးပေါက်ကွဲမှု အမေရိကန် သံရုံးဝန်ထမ်းနှစ်ဦး ဒဏ်ရာရ


စက်တင်ဘာသုံးရက်နေ့က ပက်ရှ်ဝါ မြို့တွင်း အမေရိကန်သံရုံးကား ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရမှု မြင်ကွင်း။
စက်တင်ဘာသုံးရက်နေ့က ပက်ရှ်ဝါ မြို့တွင်း အမေရိကန်သံရုံးကား ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရမှု မြင်ကွင်း။
ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့မှာ တနင်္လာနေ့က တိုက်ခိုက်မှုတခုအတွင်း အမေရိကန်သံအရာရှိနှစ်ဦးနဲ့ ပါကစ္စတန်နိုင်ငံသား သံရုံး ဝန်ထမ်းနှစ်ဦးတို့ ဒဏ်ရာရသွားတယ်လို့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပြောပါတယ်။ ဒါဟာ အကြမ်းဖက်တိုက်ခိုက် တဲ့လုပ်ရပ်ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်နဲ့နယ်စပ် တစိတ်တပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လူမျိုးစုဒေသနားက ပက်ရှ်ဝါမြို့မှာ အသေခံဗုံးခွဲသူတဦးက ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ကားတစီးနဲ့ သံရုံးကားကို ဝင်တိုက်ခဲ့တာကြောင့် အဲဒီလူလေးဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံသားနှစ်ဦးထက်မနည်း သေဆုံးပြီး လူအများအပြား ဒဏ်ရာရသွားတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အသေခံဗုံးခွဲသူရဲ့ လက်ချက်ကြောင့် အမေရိကန်နိုင်ငံသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန်တာဝန်ရှိ သူတွေက အစောပိုင်းမှာ ပြောခဲ့ပေမဲ့ အမေရိကန်သံရုံးက ချက်ခြင်းပဲ အဲဒီလိုသေဆုံးတယ်ဆို တာကို ငြင်းပယ်ခဲ့ပါတယ်။

အသေခံဗုံးခွဲသူရဲ့ကားမှာ ၁၁၀ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ တင်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
XS
SM
MD
LG