သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ကမ္ဘာအဝှမ်း သေဒဏ် စီရင်ခံရသူနှုန်း မြင့်မား


၂၀၁၅ သဒဏ်စီရင်ခံရသူတွေကို စာရင်းပြုထားတဲ့ နိုင်ငံတကာ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး Amnesty International စာတန်း
၂၀၁၅ သဒဏ်စီရင်ခံရသူတွေကို စာရင်းပြုထားတဲ့ နိုင်ငံတကာ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး Amnesty International စာတန်း

ကမ္ဘာတလွှား နိုင်ငံတွေမှာ ပြီးခဲ့တဲ့နှစ် အတွင်း သေဒဏ်စီရင်ခံရသူ အရေအတွက်က လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း တနှစ်ချင်းစီမှာ ရှိခဲ့တဲ့ အရေအတွက်ထက် ပိုပြီး များပြားပါတယ်။

နိုင်ငံတကာ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး Amnesty International က မနေ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အတွင်း အနည်းဆုံး ၁,၆၃၄ ဦးတို့ ကွက်မျက်ခံခဲ့ရတယ်လို့ ဖော်ပြထားပြီး ဒီပမာဏက အရင်တနှစ် ၂၀၁၄ ခုနှစ်ကထက် ၅၄ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်သလို လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ ၁၉၈၉ ခုနှစ်ကတည်းက မှတ်တမ်းတွေထဲမှာဆိုရင်လည်း အရေအတွက် အမြင့်ဆုံး ဖြစ်ပါတယ်။

အီရန်၊ ပါကစ္စတန်နဲ့ ဆော်ဒီ အာရေးဗျ သုံးနိုင်ငံကြောင့် သေဒဏ်ချမှတ်ခံရမှု အရေအတွက် တိုးလာခဲ့တာ ဖြစ်ပြီး မှတ်တမ်းတင် သေဒဏ်စီရင်မှုရဲ့ ၉၀ ရာခိုင်နှုန်းလောက် ရှိနေတာ ဖြစ်ပါတယ်။

အစီရင်ခံစာမှာ ဖော်ပြတဲ့ အရေအတွက် များပြားလှတဲ့ သေဒဏ်ချမှတ်ခံရမှုတွေထဲမှာတော့ သေဒဏ်ချမှတ်မှုကို နိုင်ငံတော် လျို့ဝှက်ချက် အဖြစ် ထားရှိပြီး ထောင်နဲ့ချီပြီး သေဒဏ်စီရင်ခဲ့ပုံရတဲ့ တရုတ်နိုင်ငံတွင်းက အရေအတွက် မပါဝင်ဘူးလို့လည်း AI အစီရင်ခံစာက ဆိုပါတယ်။ သေဒဏ်ချမှတ် စီရင်မှုကို အသုံးပြုနေတဲ့ တခုတည်းသော ဥရောပ နိုင်ငံ ဘဲလားရုစ်နဲ့ ဗီယက်နမ် နိုင်ငံတို့ကလည်း သေဒဏ်စီရင်ချက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မထုတ်ပြန်ပါဘူး။

အမေရိကန် ပြည်ထောင်စုကတော့ အမေရိက တိုက် နိုင်ငံတွေ ထဲမှာ သေဒဏ် စီရင်မှုကို အသုံးပြုနေတဲ့ တခုတည်းသော နိုင်ငံ ဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်က အမေရိကန် ပြည်ထောင်စုရဲ့ပြည်နယ် ၆ ခုတို့မှာ ၂၈ ယောက်ကို ကွက်မျက်ခဲ့ပြီး ဒီအရေအတွက်ကတော့ ၁၉၉၁ ခုနှစ် ကတည်းက ဆိုရင် အနိမ့်ဆုံး အရေအတွက် ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ ၁၀၂ နိုင်ငံတို့မှာ သေဒဏ်စီရင်မှုကို လုံး၀ ပယ်ဖျက်ပြီး ဖြစ်ပါတယ်။ ဖီဂျီ၊ မာဒါဂါးစကား၊ ကွန်ဂို သမ္မတ နိုင်ငံနဲ့ Suriname လေးနိုင်ငံတို့မှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အတွင်း သေဒဏ်စီရင်မှုကို တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG