[[Zawgyi/Unicode]]
ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္အတြင္း ႏိုင္ငံေပါင္း ၁၈ ႏိုင္ငံမွာ ေသဒဏ္ေပး ကြပ္မ်က္ခံရသူ ၅၇၉ ေယာက္ထက္မနည္းရွိခဲ့ၿပီး ၂၀၂၀ ခုႏွစ္ကထက္ ၂၀% မ်ားလာတယ္လို႔ Amnesty International လူ႔အခြင့္အေရးအဖဲြ႕ႀကီးက ေျပာၾကားလိုက္ပါတယ္။ ေသဒဏ္ေပးကြပ္မ်က္တဲ့ထဲမွာ အီရန္ႏိုင္ငံက အမ်ားဆံုးျဖစ္ၿပီး ၃၁၄ ေယာက္ထက္မနည္း ကြပ္မ်က္ခံခဲ့ရတယ္လို႔ AI ရဲ႕ ေသဒဏ္နဲ႔ပတ္သက္တဲ့ ႏွစ္ပတ္လည္အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။
ျမန္မာႏိုင္ငံမွာေတာ့ ၿပီးခဲ့တဲ့ႏွစ္အတြင္း စစ္အုပ္ခ်ဳပ္ေရးဥပေဒေတြနဲ႔ ၉၀ နီးပါး ေသဒဏ္ခ်မွတ္ခံရတယ္လို႔ AI က စာရင္းျပဳစုထားပါတယ္။ စစ္အုပ္ခ်ဳပ္ေရးထုတ္ျပန္ထားတဲ့ ေနရာေတြမွာ ေသဒဏ္ျပစ္ဒဏ္ေပးမႈေတြ စိုးရိမ္စရာေကာင္းေလာက္ေအာင္ ျမင့္တက္လာခဲ့တယ္လု႔ိ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ စစ္အုပ္ခ်ဳပ္ေရးထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္ေတြမွာ စစ္ခံုရံုးေတြနဲ႔ အက်ဥ္းရံုးၾကားနာ စီရင္ အမိန္႔ေတြခ်ၿပီး အယူခံဝင္ခြင့္လည္း မရဘူးဆိုတာကို AI ကေထာက္ျပထားပါတယ္။
၉၀ နီးပါး ေသဒဏ္အျပစ္ေပးခံရတဲ့ထဲမွာ တခ်ဳိ႕က မ်က္ကြယ္ျပစ္ဒဏ္ေတြျဖစ္ၾကၿပီး ဆႏၵျပသူေတြနဲ႔ သတင္းေထာက္ေတြကို ပစ္မွတ္ထားအျပစ္ေပးတာကို က်ယ္က်ယ္ျပန္႔ျပန္႔ျမင္ေနၾကတယ္လို႔ အစီရင္ခံစာမွာ ေျပာထားပါတယ္။
ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္မွာ ေသဒဏ္ခ်ခံရသူအေရအတြက္ဟာ ၂၀၂၀ ကထက္ အနည္းဆံုး ၈၆ ေယာက္ထက္မနည္း တိုးလာတာျဖစ္တယ္လို႔ AI ရဲ႕ ေသဒဏ္နဲ႔ပတ္သက္တဲ့ ႏွစ္ပတ္လည္အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။
#AmnestyInternational #State-sanctionedKillings #VOABurmese
============
[[Unicode]]
ကမ္ဘာ့နိုင်ငံများ သေဒဏ်ပေးကွပ်မျက်မှု ၂၀၂၁ မှာ တိုးများလာ
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ သေဒဏ်ပေး ကွပ်မျက်ခံရသူ ၅၇၉ ယောက်ထက်မနည်းရှိခဲ့ပြီး ၂၀၂၀ ခုနှစ်ကထက် ၂၀% များလာတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ သေဒဏ်ပေးကွပ်မျက်တဲ့ထဲမှာ အီရန်နိုင်ငံက အများဆုံးဖြစ်ပြီး ၃၁၄ ယောက်ထက်မနည်း ကွပ်မျက်ခံခဲ့ရတယ်လို့ AI ရဲ့ သေဒဏ်နဲ့ပတ်သက်တဲ့ နှစ်ပတ်လည်အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့နှစ်အတွင်း စစ်အုပ်ချုပ်ရေးဥပဒေတွေနဲ့ ၉၀ နီးပါး သေဒဏ်ချမှတ်ခံရတယ်လို့ AI က စာရင်းပြုစုထားပါတယ်။ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ နေရာတွေမှာ သေဒဏ်ပြစ်ဒဏ်ပေးမှုတွေ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်လာခဲ့တယ်လု့ိ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာ စစ်ခုံရုံးတွေနဲ့ အကျဉ်းရုံးကြားနာ စီရင် အမိန့်တွေချပြီး အယူခံဝင်ခွင့်လည်း မရဘူးဆိုတာကို AI ကထောက်ပြထားပါတယ်။
၉၀ နီးပါး သေဒဏ်အပြစ်ပေးခံရတဲ့ထဲမှာ တချို့က မျက်ကွယ်ပြစ်ဒဏ်တွေဖြစ်ကြပြီး ဆန္ဒပြသူတွေနဲ့ သတင်းထောက်တွေကို ပစ်မှတ်ထားအပြစ်ပေးတာကို ကျယ်ကျယ်ပြန့်ပြန့်မြင်နေကြတယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်မှာ သေဒဏ်ချခံရသူအရေအတွက်ဟာ ၂၀၂၀ ကထက် အနည်းဆုံး ၈၆ ယောက်ထက်မနည်း တိုးလာတာဖြစ်တယ်လို့ AI ရဲ့ သေဒဏ်နဲ့ပတ်သက်တဲ့ နှစ်ပတ်လည်အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
#AmnestyInternational #State-sanctionedKillings #VOABurmese
============