သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အထူးကိုယ်စားလှယ် အစ္စရေးဝန်ကြီးချုပ်နဲ့တွေ့ဆုံမည်


လက်ဘနွန်ရောက်နေတဲ့ အမေရိကန် ကိုယ်စားလှယ် Amos Hochstein (နိုဝင်ဘာ ၂၁၊ ၂၀၂၄)
လက်ဘနွန်ရောက်နေတဲ့ အမေရိကန် ကိုယ်စားလှယ် Amos Hochstein (နိုဝင်ဘာ ၂၁၊ ၂၀၂၄)

အမေရိကန် ကိုယ်စားလှယ် Amos Hochstein ဟာ လက်ဘနွန် အခြေစိုက် ဟက်ဇ်ဘိုလာတွေနဲ့ အစ္စရေးတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် တိုက်တွန်းဖို့ ကြာသပတေးနေ့မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ ဟက်ဇ်ဘိုလာအရေး ကြားဝင်ညှိနှိုင်းပေးနေတဲ့ လက်ဘနွန်လွှတ်တော် ဥက္ကဋ္ဌ နဘီးဘာရီ - Nabih Berri အပါအဝင် လက်ဘနွန် အရာရှိတွေနဲ့ သူ့ရဲ့ ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ကြောင်းလည်း ပြောပါတယ်။ အစ္စရေး မြောက်ပိုင်းဒေသအတွက် ခြိမ်းခြောက်မှု ဖြစ်နေတဲ့ လက်ဘနွန်တောင်ပိုင်းက ဟက်ဇ်ဘိုလာစစ်သွေးကြွတွေကို မောင်းထုတ်ဖို့ အစ္စရေးတပ်တွေ ဆက်လက် ထိုးစစ်ဆင် နေကြာင်း အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။

လက်ဘနွန်တောင်ပိုင်း ၊ ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသနဲ့ Tyre ဒေသတွေမှာ နေထိုင်သူတွေကို ဘေးလွတ်ရာ ရှောင်ကြဖို့ အစ္စရေး စစ်တပ်က သတိပေးချက် အသစ် ထုတ်ပြန်ခဲ့ပါတယ်။ ဒီဒေသတွေမှာရှိတဲ့ ဟက်ဇ်ဘိုလာ စစ်သွေးကြွတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ လို့ ပြောပြီး ဒေသခံတွေ အခုလို ဘေးလွတ်ရာ ရှောင်ဖို့ အစ္စရေးက မကြာခဏ သတိပေးနေတာပါ။

အစ္စရေးဟာ ဂါဇာဒေသက ဟားမတ်စ်တွေကို တိုက်ခိုက်မှုမှာလည်း အခုလို နည်းဗျူဟာကိုပဲ သုံးနေတာ ဖြစ်ပြီး အခုလို သတိပေးနေပေမယ့် ဒေသခံတွေ ရှောင်ပြေးချိန် သိပ်မရကြသလို ပြေးစရာ မြေလည်း မရှိပဲ ဖြစ်နေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ပါလက်စတိုင်း ဒုက္ခသည်အရေး ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ခေါင်းဆောင် Philippe Lazzarini ကတော့ ဒုက္ခသည်တွေဟာ ပြေးစရာ မြေမရှိပဲ ပိတ်မိနေကြကြောင်းနဲ့ ဂါဇာ မြောက်ပိုင်းမှာဆို ဒေသခံတွေ ဒုက္ခ အကြီးအကျယ် ရောက်နေပြီး အခုဆို သူတို့ အတွက် လူသား စာနာမှု အကူညီဟာ ရက် ၄၀ စာလောက်ပဲ ရှိတော့တယ်လို့ ပြောပါတယ်။

ကန်အထူးကိုယ်စားလှယ် အစ္စရေးဝန်ကြီးချုပ်နဲ့တွေ့ဆုံမည်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG